နောက်ဆုံး သတင်းများ
Sunday, 05 September 2010
 Myanmar Liverpool Fans Forum :: လီဗာပူးလ် အသင်းနှင့် ပတ်သက်တာ မှန်သမျှ ဆွေးနွေးကြမယ်
Welcome Guest   [Register]  [Login]
 Subject :2010 ပြောင်းအရွှေ့ဈေးကွက် န.. 22-07-2010 
felixhong
Fans
Joined: 22-07-2010
Posts: 3
Location
Subject :2010 ပြောင်းအရွှေ့ဈေးကွက် နှင့် လီဗာပူး

လက်ရှိအခြေအနေအရတော့ မန်စီးတီးလောက်ခြေလှမ်းမသွက်ပေမယ့် မဆိုးဘူးလို့ပြောရမှာပဲ။

ဂျိုကိုးလ်ကိုအလွတ်နဲ့ခေါ်နိုင်တာ အသင်းအတွက် အတော်အကျိုးရှိသွားနိုင်တယ်။

ဘီနာယောင်ထွက်သွားတဲ့နေရာကိုပြန်ကာမိတဲ့အပြင် ဘီနာယောင်ရဲ့ပြောင်းရွှေ့ ကြေးကနောက်ကစားသမားဝယ်ဖို့ အရင်းအနှီးဖြစ်သွားတယ်။ ဒီနေရာမှာ ပါစလိုးနဲ့ ဟော့ဆန် ကိုချီးကျူးရမယ်။

ပြီးတော့ ဂျရက်ကြီးကလည်း ဆက်ရှိမှာသေချာသွားတော့ အသင်းမှာ စိတ်ဓာတ်ပိုင်းအားကောင်းလာနိုင်တယ်။

တောရက်စ်လည်း ဆက်ရှိဖို့များတယ်။ အဲလိုပဲ ဖြစ်စေချင်တယ်။ ဒီဘဲကြီးတော့ထွက်လို့မဖြစ်ဘူး။ သူဘယ်လောက်အရေးကြီးတယ်ဆိုတာ ကျွန်တော်တို့အားလုံးသိပြီးသားဖြစ်သလို အားလုံးကလည်းလိုလားတယ်။

ဆာဘီးယားကစားသမားဂျိုဗာနိုဗစ်ကိုလည်း အလွတ်နဲ့ ခေါ်နိုင်လိုက်တာ အနဲဆုံးတော့ အရံအင်အားအတွက်အထောက်အကူဖြစ်နိုင်တယ်။ ဂျာမနီနဲ့ ပွဲမှာကစားသွားတဲ့ခြေအရဆိုရင်တော့ အားကိုးရလောက်နိုင်တယ်။

ရိန်းဂျားရဲ့ဝီဆင်ကိုတော့ အချိန်ပေးစောင့်ကြည့်ရမယ်။ စကော့တလန်အကောင်းဆုံး လူငယ် ကစားသမားဆိုတော့ လည်း ခေသူတော့မဟုတ်လောက်ဘူး။  ဇတော့ရှိပြီးသားဖြစ်မှာပါ။

ခြေစမ်းပွဲမှာ အရံလူငယ်ကစားသမားတွေကိုသုံးနေပုံအရ လူငယ်တွေနေရာရလာနိုင်တယ်။ ဂျရက်၊ ကာရေဂါ၊ မာဖီ၊ အိုဝင် တို့လိုမျိုး ကစားသမားတွေမပါဘူးလို့မပြောနိုင်ဘူး။ ရှယ်ဗေး၊ အာယာလာ၊ ပါချီကို၊ အင့်စ်၊ အက်ကလီဆင် တို့ကတော့ အားရစရာဖြစ်လာနိုင်တယ်။ ဒီနေရာမှာတော့ ဟော့ဆန်ကိုစောင့်ကြည့်ရမယ်။ ဘင်နီတက်ဇ်လက်ထက် ကထက်တော့ နေရာပေးမှာတော့ သေချာလောက်တော့ လူငယ်တွေလည်း စိတ်ဓာက်တက်ပြီး ကြိုးစားကြမှာပါ။


IP Logged
 Subject :Re:2010 ပြောင်းအရွှေ့ဈေးကွက် .. 09-08-2010 
အလင်း
Fans
Joined: 25-11-2009
Posts: 2
Location
Subject :Re:2010 ပြောင်းအရွှေ့ဈေးကွက် နှင့် လီဗာပူး

လူငယ်တွေပိုပီးနေရာရလာမယ်လို့ထင်တယ်။striker တစ်ယောက်လောက်ထပ်ဝယ်နိုင်ရင်ကောင်းမယ်ထင်တယ်။တောရတ်စ်ကိုပဲအမြဲတမ်းမှီခိုနေရတာကို သဘောမကျဘူး။ဂျိုကိုးလ်ကိုခေါ်လိုက်နိုင်တာကို သဘောကျတယ်။သူ့ကို နောက်ချန်နေရာကဆော့ခိုင်းပီး ဂျာရတ်ကိုအလယ်မှာဆင်းဆော့ခိုင်းတာပိုပီးအဆင်ပြေမယ်ထင်တယ်။အကွီလာနီတော့ဘယ်လိုဖြစ်လာမလဲမသိသေးဘူး။သုံးသွားရင်တော့ ကောင်းလာမယ်ထင်ပါတယ်။
IP Logged
 Subject :Re:2010 ပြောင်းအရွှေ့ဈေးကွက် .. 10-08-2010 
felixhong
Fans
Joined: 22-07-2010
Posts: 3
Location
Subject :Re:2010 ပြောင်းအရွှေ့ဈေးကွက် နှင့် လီဗာပူး

အခုတလောတော့ ပြင်သစ်တိုက်စစ်မှူး လိုရစ်ရီမီနဲ့ လီဗာပူးသတင်းကငြိမ်သလောက်ဖြစ်သွားတယ်။

ပီတာခရောက်ခ်ျ ကိုပြန်ဝယ်မယ့်သတင်းတွေကလည်းထွက်နေတယ်။ ခရောက်ခ်ျ ကတော့လက်ရှိအနေအထားအရ အရင်လီဗာပူးမှာတုန်းကထက်တော့ အများကြီးခြေတက်လာတယ်။ ၁၀ သန်းထက်တော့ပိုမတန်ပါဘူးဗျာ။ နောက်ဆုံးရောက်လာရင်လဲ မဆိုးပါဘူး။

နောက်ထပ်သတင်းကတော့ ကာလ်တန်ကိုလ်းတဲ့။ ကိုလ်းကိုတော့လုံးဝမကြိုက်ကြောင်းပါ။ တောင်းတဲ့ငွေကလည်း ၁၂သန်းတဲ့။ မတန်ပါ။ မ၀ယ်သင့်ပါ။

ပေါလ်ဆင်ကတော့ရောက်ဖို့သေချာသလောက်ပဲ။ သူကစားတဲ့ပွဲမကြည့်ဖူးတဲ့အတွက်ဒိန်းမတ်သားကြီးကြောင်းတော့မသိဘူး။ ဟော့ဆန်ကတော့ သူမြေတောင်မြှောက်ပေးခဲ့တဲ့ ကစားသမားမလို့ အသက်သုံးဆယ်လောက်ရှိနေတာတောင် ၆သန်းပေးခေါ်ထားတယ်ဆိုတော့သူ့ကြောင်းကောင်းကောင်းသိလို့နေမှာပေါ့။ ဟော့ဆန်ကြီးကိုမျက်စိမှိတ် ယုံလိုက်ပြီ။ အားပေးလိုက်ပြီဗျာ ပေါဆင်ရေ။

အကြီလာနီကေတာ့ ပါရမီရွိၿပီးသားပါ။ အရင်နှစ်က ဒဏ်ရာပြသနာတွေနဲ့ မလို့ ပုံမှန်ခြေစွမ်းမရတာပါ။ ပြီးတော့ ဘင်နီတက်ဇ်က လဲ သူ့ရဲ့ချစ်သားကြီးလူးကပ်စ်ကိုပဲဘယ်လောက်စုတ်ပြတ်သတ်နေပစေနေရာပေးထားတော့ အကွီလာနီအခွင့်အရေးကောင်းကောင်းမရတာပါ။ ဒီနှစ်တော့ အီတလီမင်းသားလဲ ကောင်းကောင်းအနားရထားတယ်။ ဒဏ်ရာလဲကင်းပြီဆိုတော့ အားကိုးရလောက်ပါပြီ။ ၂၀၀၃ ခုနှစ်တုန်းက U-21ပြိုင်ပွဲမှာ အကောင်းဆုံးဆုရထားတဲ့ကစားသမားပဲ ဗျာ။ ပြီးတော့ရိုးမားတုန်းကလဲ ဆရာတစ်ပါးဖြစ်ခဲ့တာပဲ။ ပုံမှန်သာပေးကစားလို့ကတော့ ကောင်းကောင်းခြေစွမ်းပြမှာပါ။

IP Logged
Page # 


Powered by ccBoard