Fields marked with an asterisk (*) are required.
Benitez ဟာ Liverpool ကို တောင့်တင်းအောင်လုပ်ပေးခဲ့သူပါ ဒါပေမယ့် ခုလက်ရှိအခြေအနေအရဆိုလဲ ချက်ချင်းထုတ်ခံရနိုင်လောက်တယ်။ တကယ်လို့များ ထွက်သွားခဲ့လို့ရှိရင် အသင်းမှာဘာတွေဆိုးသွားမလဲ ဘာတွေကောင်းလာမလဲ
ဘာကြောင့်ဒီလောက်တောင် ပူပန်နေကြရတာတုန်း...။ သိပ်တွေးပြီးတော့ ပူမနေနဲ့...။အမေရိကန်ဦးကပ်စေးတွေက လျှော်ကြေးပေးရမှာ တွန့်တိုနေတာနဲ့ပဲ ဘင်နီတက်ဇ် အထုတ်ခံရဖို့လမ်းမရှိဘူး...။ ဒါထင်ရှားတယ်..။ ထုတ်ရင် လျှော်ကြေးပေးရမယ်..။ လျှော်ကြေးမပေးချင်ဘူး ..။ ဒါကြောင့် မထုတ်ဘူး...။ ဒါပဲ..။
အမှန်ဆုံးပဲ.. ရာဖာက မကြာခင်ကမှ ၅နှစ်သက်တမ်းတိုးထားတာဆိုတော့ ထုတ်မှာမဟုတ်ဘူး။ နောက်ပြီး ပရိသတ်တွေအားလုံးက ဒီနည်းပြကိုကြိုက်ကြတယ်။
ဘင်နီတက်ဇ်အထုတ်ခံရရင် လီဗာပူးကစားသမားဟောင်း ဒဲဂလိပ်ခ်ျနည်းပြဖြစ်လာလိမ့်မယ်။ ကစားသမားဝယ်ဖို့ ငွေမရှိတဲ့အတွက် တောရက်စ်ကိုရောင်းထုတ်လိမ့်မယ်။ လီဗာပူးဟာ နောက်၂နှစ်လောက်အခြေအနေဆိုးသွားနိုင်တယ်။
"ကျွန်တော့် အမြင်ပြောရရင် နောက်လူ ဘယ်လောက်တော်ပြီး ပိုင်ရှင်တွေ ဘယ်လောက်ထိ ပံ့ပိုးပေးမလဲ ဆိုတာ မသေချာပေမယ့် ဘင်နီတက်ဇ်ကို ဖြုတ်လိုက်ရင် သူ တည်ဆောက်ထားတဲ့ ပုံစံတစ်ခုက နောက်လူ လက်ထဲ အခက်အခဲတွေ တွေ့ရဖို့ များတယ်။ အပြောင်းအလဲ လုပ်မယ် ဆိုရင်တောင် ပိုင်ရှင်တွေက ပိုက်ဆံ ပံ့ပိုးပေးပါဦးမှ ... တကယ်လို့ ပံ့ပိုးပေးဖို့ စိတ်ကူးတယ် ဆိုရင်တော့ ဘင်နီတက်ဇ်ကိုပဲ အရင် ပံ့ပိုး ပေးလိုက်စေချင်တယ်။ နည်းပြသစ် တစ်ယောက်က အရမ်းတော်ပြီး သေချာပေါက် ဖလား ရအောင် လုပ်ပေးမယ် ဆိုရင်တော့ အခုချက်ချင်းသာ လဲလိုက်တော့ပေါ့. ဒါလည်း ပြောရခက်တာ ပါပဲ။ (ခက်နေတာက အခုမှ မဟုတ်ပါဘူး)"
ဒါက ပြီးခဲ့တဲ့ ကာလတွေက ကျွန်တော် ရေးခဲ့တာပါ.. အခု ချိန်မှာ ပြန်ရေးပါ ဆိုရင် ဘင်နီတက်ဇ်ကို စိတ်ကုန်မိတယ်လို့ ပြောပါရစေ.. အဓိက. ကတော့ စတုတ်လို အသင်းကို နောက်ခံလူ ၆ယောက်နဲ့ ပွဲထွက်ပြီး တိုက်စစ်ဆင် ရမှာ ကြောက်နေတဲ့ ကစားကွက်ကိုပါပဲ... ဘာပဲဖြစ်ဖြစ် နောက်ဆုံးပွဲ စပါးနိုင်ပွဲက အားလုံးကို ပြောင်းပြန်လှန် နိုင်ခဲ့မယ် ဆိုရင်.. ပြီးတာပါပဲ.. နည်းပြ လဲတာ မလဲတာ အဓိက မဟုတ်ပါဘူး. အသင်းသာ အောင်မြင်နေဖို့ အဓိကပါ..