နောက်ဆုံး သတင်းများ
Sunday, 05 September 2010
 Myanmar Liverpool Fans Forum :: လီဗာပူးလ် အသင်းနှင့် ပတ်သက်တာ မှန်သမျှ ဆွေးနွေးကြမယ်
Welcome Guest   [Register]  [Login]
 Subject :ဘယ်လို ကစားသမား မျိုးတွေ .. 27-11-2009 
moewai
Fans
Joined: 26-05-2009
Posts: 29
Location
 
Subject :ဘယ်လို ကစားသမား မျိုးတွေ ၀ယ်ပြီး အားဖြည့်သင့်လဲ?

လီဗာပူးလ် အသင်း အနေနဲ့ လူအင်အား အားနည်းနေတာ သိသိသာသာပါပဲ။ တစ်အချက်က အလွန်ဆို နေရာ လူးကပ် မ၀င်နိုင်တာ၊ အသင်း ကစားပုံ ပျက်ခဲ့ရပါတယ်။ ၂အချက်က နောက်တန်း စုစည်းမှုအတွက် ထိန်းကျောင်းပေးတဲ့ ဟစ်ပီယာကြီး မရှိတော့တာပါ။ သုံးအချက်က တောရက်စ်နဲ့ ဂျရတ်တို့ ဒဏ်ရာ ရနေကြတာ။ လေးအချက်က အရန်အင်အား လျှော့နည်းနေတာ။ ဒါတွေက ပြဿနာတွေ ထဲက အချက်တွေပဲ အကုန်တော့ မဟုတ်ပါဘူး။ အားလုံးက လူဝယ်ဖို့ ဆီကိုပဲ ရည်ညွှန်း နေတယ်လို့ ထင်မိတယ်။ ၀ယ်မယ် ဆိုပြန်တော့လည်း ဘင်နီတက်ဇ် ပြောတဲ့ စကား မှတ်မိပြန်တယ်။ ဈေးကြီးတာရောင်းပြီး ပေါချောင်ကောင်း ပြန်ရှာ ၀ယ်ရပါတယ်တဲ့။

ဆိုတော့ ဈေးသိပ်ကြီးသူတွေ မလာမှာ သေချာနေတော့ ဗီလာ ၀ယ်မယ် ဆေးဗား ၀ယ်မယ် လုပ်လို့တော့ မဖြစ်ဘူး ထင်တယ်။ ကဲ.. ညီအစ်ကို. မောင်နှမတို့ ဘယ်သူတွေ ၀ယ်သင့်လဲ?

ဒီနေ့ သတင်းတွေကတော့ နစ္စတယ်ရွိုင်းက လာချင်ပါသတဲ့... ဒါက ပါလျူချင်ကို နောက်ပိုင်း သတင်းပြေး နေတဲ့ တိုက်စစ်မှူးပေါ့...

ဗီအာရာကြီးက လီဗာပူးလ် ရောက်ဖို့ နီးစပ်နေပြန်သတဲ့... ဒါက ကွင်းလယ် အားဖြည့်မလို့ ထင်ပါတယ်။

နောက်ရော.. ဘယ်သူတွေက ဈေးပေါပေါနဲ့ လီဗာပူးလ်ကို ရောက်လာမယ် ထင်လဲ.. အထက်ပါ နှစ်ယောက်ကိုရော ဘယ်လိုထင်လဲ?

ကျွန်တော့် ပုဂ္ဂလိက အမြင်သက်သက် ဆိုရင်တော့ လီဗာပူးလ် အသင်းမှာ အတွေ့အကြုံ ရင့်တဲ့သူတွေ နည်းသွားတာ စကားပြောနေတယ် ထင်တာပဲ။ ဒါပေမယ့် အသက်က ကြီးပြီး ခြေကုန်နေကြမှာကိုတော့ စိုးရိမ်မိပြန်တယ်။ ဒါပေမယ့် ဗိုရိုနင်ထက် စာရင် နစ္စတယ်ရွိုင်းကိုပဲ လိုချင်မိတာတော့ ၀န်ခံတယ်။ လူးကပ်စ်ထက် စာရင် ဗီအာရာနဲ့သာ ကစားလိုက်ချင်တယ်။ ကဲ.. ဆွေးနွေးကြပါဦးလား

IP Logged
ခရီးဆုံးထိ ပျံသန်းမယ့် ကြိုးကြာ
 Subject :Re:ဘယ်လို ကစားသမား မျိုးတေ.. 28-11-2009 
torres
Fans
Joined: 25-11-2009
Posts: 7
Location
Subject :Re:ဘယ်လို ကစားသမား မျိုးတွေ ၀ယ်ပြီး အားဖြည့်သင့်လဲ?

ကိုမိုးဝေ ပြောသလိုဘဲ ဘိုရိုနင်နဲ.လူးကပ်စ် နေရာမှာ နစ္စတယ်ရွိုင်းနဲ. ဗီရာယာ ဆိုရင် အိုနေပေမယ်.လည်း ဟို ၂ကောင်ထက်တော. အများကြီး သာမှာပါ။ ဖြစ်နိုင်ရင်တော. ဇန်န၀ါရီမှာ တောရက်နဲ. တွဲဖို. ဒုတိယတန်းစား တိုက်စစ်မှုးတယောက်လောက်လိုချင်တယ်။ ဒေးဗစ်နော.ခ်ကလဲ ကစားပေါက်ဆင်နေတော. တွဲလို. အဆင်ပြေမှာ မဟုတ်ဘူး။ ပြီးတော. ရီရာရာကို အက်သလက်တီကိုက ဈေးကောင်းပေးခေါ်မယ် ကြားနေတယ်။ ဈေးကောင်းရရင် သူ.ကို ရောင်းပြီး ဆေးဗား ၀ယ်နိုင်ရင် မဆိုးဘူး(ဖြစ်နိုင်ရင်ပေါ.)။ အကွီလာနီ ပြန်ကောင်းလို. အလယ်တန်းက ကောင်းကောင်း ကစားနိုင်ရင် ဘောလုံးက နောက်ကို သိပ်ပြီး ကျွံမလာတော.ဘူး။ အဲလိုအခြေအနေမှာဆိုရင် နောက်တန်းက လက်ရှိုလူနဲ.ဖြစ်မယ် ထင်ပါတယ်
IP Logged
 Subject :Re:ဘယ်လို ကစားသမား မျိုးတေ.. 30-11-2009 
phattylay
Fans
Joined: 29-11-2009
Posts: 5
Location: Yangon, Myanmar
Subject :Re:ဘယ်လို ကစားသမား မျိုးတွေ ၀ယ်ပြီး အားဖြည့်သင့်လဲ?

လစ်ပါပူးနဲ့ အဲဗာတန် ကစားတဲ့ ပွဲကို သုံးသပ်ပြီးပြောရရင် တိုက်စစ်သမား စစ်စစ် တယောက်လောက်တော့ သေချာကိုလိုနေပြီဗျ။ အန်းဂေါ့ကို သုံးမယ့် အစား ဘာဘယ်ဆို ပိုအဆင်ပြေမယ်ထင်တယ်။ ဘာဘယ်က သူ့ကို မသုံးတော့တဲ့အတွက် အရင်နှစ်တွေထက်စာရင် ခြေတော်တော်ကျသွားတယ်လို့ ထင်ရတယ်။ ဒီအတိုင်းဆို ဘာဘယ်ကိုပြန်ရောင်းရင်လည်း ဈေးကောင်းပေးမယ့်သူရှိမှာမဟုတ်ဘူး။ ကိုယ့်ဆီက အစွမ်းအစရှိတဲ့ သူတွေကို ကိုယ်ပြန်သတ်နေသလိုဖြစ်နေတယ် ထင်မိတယ်။ ကျွန်တော်တို့ Liverpool အသင်းမှာ အဓိက လိုအပ်တာ အထောင်တိုက်စစ်မှူး ကောင်းကောင်းတယောက်ကတော့ သေချာကိုလိုနေပါပြီဗျာ။ ကွယ်လယ် ကစားသမား Key Player တယောက်လည်းလိုနေပေမယ့် ဂျရတ် ကို ပြန်ပြီး Key Player နေရာ ကစားခိုင်းမယ်ဆိုရင် အခုဂျရတ် ကစားနေတယ် နောက်ချန် တိုက်စစ်မှူးနေရာကိုတော့ ကူရစ်၊ ဘီနာရောင်၊ ဘာဘယ်၊ တို့ကို အစားထိုးလို့ ရမယ်လို့ ကျွန်တော်မြင်မိတယ်။ ၀ယ်နိုင်ရင် တော့ တိုက်စစ်မှူးနဲ့ အလယ်တန်း တယောက်လောက် လိုအပ်ပါတယ်။ အခုလို ပိုက်ဆံကို ဆီစစ် ပြီးသုံးနေရတဲ့ အချိန်မှာတော့ တိုက်စစ်မှူးကောင်းကောင်း တယောက်သာဝယ် သင့်တယ်ထင်ပါတယ်။ ဘယ်လိုလူနဲ့ သင့်တော်မယ်ဆိုတာတော့ ကျွန်တော့် ဥာဏ်မမှီလို့ မပြောတော့ပါဘူးဗျာ....... နောက်တန်းနေရာကတော့ ရှိတဲ့ သူတွေနဲ့ ထိန်းထားလို့ ရပါတယ်။ အဆိုးကြီး မဟုတ်ပေမယ်။ အလယ်တန်း အဖျက် မှာ နည်းနည်း မတည်မငြိမ် ဖြစ်နေတဲ့ အတွက်ကြောင့် ဂိုးတွေပေးနေရတာလို့ ယူဆမိပါတယ်။ Liverpool ရဲ့ တောင်ပံ ခံစစ်မှူးတွေ က တိုက်စစ်ကို လိုက်ပါကစားတဲ့နေရာမှာ အလွန်အကျွံ လိုက်ကစားသလိုဖြစ်နေတာကလဲ ဂိုးပေးများရတဲ့ အကြောင်းအရင်းထဲ တခုပါပါတယ်။ အခုလို ကျွန်တော်အမြင်ကိုဝင်ရောက်ဝေဖန် မိတဲ့ အတွက် မှားတာများရှိရင် ဘောလုံးပွဲ တွေကို ချည်းကပ်သုံးသပ်တဲ့ ဥာဏ်မမှီ၍သာ မှားယွင်းခြင်းဖြစ်ပါသောကြောင့် ခွင့်လွှတ်ပေးပါလို့ ကျွန်တော် တောင်းပန်ပါတယ် ခင်ဗျာ ....... Liverpool အသင်းကြီး အောင်မြင်စွာ ချန်ပီယံဆုကြီး ကို ကိုင်မြှောက်နိုင်ပါစေကြောင်း .... ဆုမွန်ကောင်းများ ပို့သလျက် .........
IP Logged
 Subject :Re:ဘယ်လို ကစားသမား မျိုးတေ.. 30-11-2009 
ngacthu
Fans
Joined: 22-11-2009
Posts: 41
Location
Subject :Re:ဘယ်လို ကစားသမား မျိုးတွေ ၀ယ်ပြီး အားဖြည့်သင့်လဲ?

ဗီအဲယာသာ ရောက်လာမယ်ဆိုရင်တော့ကျွန်တော်တို့အသင်းရဲ့ကွင်းလည်က ပြန်လည်တောင့်တင်းသွားမှာပါ. ခုလောလောဆယ်နဲ့ တောရက်စ်မကစားနိုင်ရင် ဒါမှမဟုတ်ပွဲပန်းတဲ့အခါ လိုအပ်တဲ့အခါ ရှေ့တန်းနှစ်ယောက်တင်ပီး ကစားနိုင်ဖို့ နစ်စတယ်ရွိုင်းလိုတစ်ယောက်ရှိရင်တော့ အဆင်ပြေပါတယ်.. ဒါပေမယ် အခုအတိုင်း လက်ရှိအသင်းမှာလဲ ဂျရတ်ကို အလယ်ပြန်ဆင်းခိုင်းပီ တောရက်စ်ကို ဗိုရိုနင်နဲ့တွဲကစား ခိုင်းရင်မဆိုးဘူးထင်တယ်.. ဒါကတော့ ကျွန်တော့်အမြင်ပါ ဗိုရိုနင် အာဆင်နယ်နဲ့ပွဲမှာ ကစားသွားတဲ့ခြေက သာမာန်အဆင့်ထက်တော့ သာပါတယ်.. သူနဲ့တွဲကစားတဲ့ အန်ဂေါ့ ညံ့နေလို့သာ အနိုင်မရခဲ့တာပါ. အဲဒိပွဲက အပိုင်ဂိုးသွင်းခွင့်တွေလည်း တော်တော်ဖြုန်းတီးပစ်တယ် သူ့နေရာမှာ တစ်ခြားတစ်ယောက် သုံးစရာမရှိတော့ဘူးလား.. အန်ဂေါ့ကိုသုံးချင်ရင်တော့ 4-4-2 ကစားကွက်ကိုပြောင်းသုံးရင် အဆင်ပြမယ်ထင်တယ်.. သူ့ကြည့်ရတာ တစ်ယောက်ထဲ မကစားတတ်သလိုပဲ.. တစ်ခါတစ်လေ မလိုအပ်ပဲ ဘာကိုအာရုံများနေလဲမသိဘူး ခြေထောက်ထဲကဘောလုံးတွေ ဟိုထွက်ဒီထွက်နဲ့ အစထွက်လွန်းတယ် ..
IP Logged
 Subject :Re:ဘယ်လို ကစားသမား မျိုးတေ.. 01-12-2009 
kikowin
Fans
Joined: 25-11-2009
Posts: 7
Location: Yangon,Myanmar
Subject :Re:ဘယ်လို ကစားသမား မျိုးတွေ ၀ယ်ပြီး အားဖြည့်သင့်လဲ?

ကျွန်တော်အမြင်ဆိုရင်တော့ ဗီအာရာကို မကြိုက်ဘူး ။ ကောင်းတာကကောင်းပါသေးတယ် ဒါပေမယ့်သူရောက်တာနဲ့ အသင်းရဲ့ အလယ်တန်းငြိမ်သွားမယ်လို့ ယတိပြတ်ပြောလို့ မရဘူး ။ ၆လ၊၁နှစ်လောက်တော့စောင့်ရအုံးမှာပဲ..သူနဲ့ လဲအဆင်ပြေသွားရောအသက်ကကြီးပြီမကစားနိုင်ဘူးဖြစ်အုံးမယ် ။ နစ်စတယ်ရွိင်းဆိုရင်တော့ ကျွန်တော်သဘောကြတယ်...ရှေ့ တန်းက အသက်ကြီးလဲကစားလို့ အဆင်ပြေနိုင်စရာရှိတယ် ။ ပါလျူချင်ကိုကတော့ ကျွန်တော့်စိတ်ထင် မလာလောက်ဘူး.. သူသာလာမယ်ဆိုရင်တော့ Torres နဲ့ တွဲပြီး ၄-၄-၂ နဲ့ ကစားလို့ ရမယ် ။ Gerrard လဲသူကြိုက်တဲံနေရာမှာကစားလို့ ရရင် အရင်ခြေတွေပြန်ပေါ်မှာပါ ။ အခုတော့ Gerrard လဲဘာဖြစ်နေမှန်းမသိဘူး ။ ပျားတုတ်နေတယ် ။ လူပေးလဲပျက် ဂိုးပေါ်က်လဲမတည့် ဖြစ်နေတယ် ။ အခြုံပြောရမယ်ဆိုရင်တော့ ရှေ့ တန်းလုံးဝကိုလိုတယ် ။ အလယ်တန်းက မရလဲဖြစ်တယ် ။ ဟိုကောင် Italy ကမင်းသားကဘယ်လိုနေမှန်းမသိဘူး ။ ကောင်းမယ်လိုတော့ထင်တယ် ။ Babelခြေတက်လာမယ်ဆိုရင်အလယ်တန်းမလိုဘူး ။ နောက်တန်းလဲမလိုပါဘူး ။
IP Logged
 Subject :Re:ဘယ်လို ကစားသမား မျိုးတေ.. 01-12-2009 
minthein
Fans
Joined: 25-11-2009
Posts: 3
Location
Subject :Re:ဘယ်လို ကစားသမား မျိုးတွေ ၀ယ်ပြီး အားဖြည့်သင့်လဲ?

ကျွန်တော့်အမြင်မှာတော့ ရှေ့၊လယ်၊နောက် သုံးနေရာလုံးမှာ လူကောင်းတစ်ယောက်ဆီလိုနေတာ အမှန်ပဲဗျ..။ စဉ်းစားကြည့်လေဗျာ..။ နောက်တန်းမှာ ကာရေဂါအမှားများပြီး စကာတယ်လ်နဲ့ အဂါတို့ ပုံမှန်ခြေစွမ်း မရတစ်ချက်ရတစ်ချက်ရယ်..။ ကာဂျီရာကော့စ်ဆို ဝေးသေး....။ ဒီတော့ နောက်တန်းမှာက သေချာပေါက် ပေမှီဒေါက်မှီ စံချိန်မှီ ဗဟိုခံစစ်သမားတစ်ယောက် လိုတယ်ဗျာ..။ အဲဗာတန်နဲ့ပွဲ၊ မန်စီးတီးနဲ့ပွဲတွေတုန်းက နောက်တန်းမှာ ဟာကွက်၊ယိုကွက်ကြီးတွေ ဖြစ်နေတာ အားလုံးအတွေ့.....။

အလယ်တန်းမှာတော့ လူးကပ်စ်က နဂိုတည်းက မစွံတဲ့သူဆိုတော့ ထွေထွေထူးထူး ဝေဖန်မနေတောပါဘူးလေ..။ ဒါပေမယ့် မာစ့်ရှေးယာနိုတစ်ယောက်ကတော့ အရင်နှစ်တွေရဲ့ ခြေစွမ်းမျိုး မရှိဘူးဆိုတာ ထင်ရှားပါတယ်..။ အလွန်ဆိုမရှိတော့လို့ တွဲဖက်ပျောက်ပြီး ခြေစွမ်းပါကျသွားတာလားလို့တွေးမိပေမယ့်... အာဂျင်တီးနားလို ထိပ်သီးအသင်းတစ်သင်းရဲ့ အသင်းခေါင်းဆောင် အနေနဲ့ပြောရင်မဖြစ်သင့်လှပါဘူး..။ အမှန်မှာ လူးကပ်စ်လို လူသစ်ကို သူကတောင် တွဲခေါ်ရမှာပါ..။ ခုတော့ လူးကပ်စ်ညံ့တာကို သူကပါအဖော်လုပ်ပေးနေသလားပဲဗျ..။ ဒါကြောင့် အလယ်တန်းအတွင်းနေရာ၊ကွင်းလယ်ဗိုလ်ချုပ်နေရာအတွက် လူကောင်းတစ်ယောက်လိုပါတယ်..။ ၅ပါတ်အတွက်မဟုတ်ဘူး ၅နှစ်အတွက်ပါလို့ ဘင်နီတက်ဇ်ပြောခဲ့တဲ့ အကွီလာနီကိုတော့ သိပ်မမှန်းရဲပါဘူး..။  တော်နေ ကီးဝဲတို့၊ ဘာဂါတို့လို အသင်းခေါ်ဆေးကုပေးနေရတာမျိုးဖြစ်နေမှာစိုးလို့ပါ ...။ 

ရှေ့တန်းအားဖြည့်ဖို့ကတော့ ကျွန်တော်လည်း အားလုံးနဲ့ သဘောမျှပါတယ်..။ ပထမတန်းစားမဖြစ်ရင်တောင် ဗိုရိုနင်၊ကောက်နဲ့ အန်ဂေါ့တို့ထက် သာရမယ်ဗျာ..။ အရံအသင်းက အယ်လ်ဇားကို ဘာကြောင့် နေရာထပ်မပေးလဲမသိဘူးဗျ..။ အဲဒီချာတိတ်လေးက ပြေးအားကောင်းတယ်.. အန်ဂေါ့ထက်လည်း သွက်တယ်လို့မြင်မိတယ်..။ ထားပါ.. ဒါကနည်းပြအပိုင်း...။ စပါးမှာ ပျောက်နေတဲ့ ပေါ်လျှူရှင်ကို ကိုလည်းလီဗာပူးလ်က လေသံပေးနေတာ ဂျာနယ်မှာဖတ်လိုက်ရတာရှိတယ်..။ သူ့ကိုတော့ မဆိုးဘူးလို့မြင်မိတယ်..။ စပါးမှာ တိုက်စစ်သမားတွေများနေလို့ နဲ့ အသင်းနဲ့ အံမ၀င်လို့ ငုတ်နေတယ်လို့ထင်တာပဲ..။ အတွဲအစပ်မိသွားရင်တော့ ကောင်းလာနိုင်ပါတယ်..။ အဟဲ .. ဈေးလည်း ပေါနိုင်တယ်လေဗျာ....။ 


IP Logged
THE GREATEST WE HAVE THE HIGHTEST WE FLY
 Subject :Re:ဘယ်လို ကစားသမား မျိုးတေ.. 01-12-2009 
xabi alonso
Fans
Joined: 01-12-2009
Posts: 2
Location
Subject :Re:ဘယ်လို ကစားသမား မျိုးတွေ ၀ယ်ပြီး အားဖြည့်သင့်လဲ?

we haven't talent young player . we should buy experience player like van nistalrooy , patric viera for short term. i remember when we buy McAllister we won UEFA cup . for young talent i want luis suarez ( ajax ) for striker , david ngog will be shine soon . i think our team need left defender . i want santan ( inter ) or varges (fiorentina)
IP Logged
 Subject :Re:ဘယ်လို ကစားသမား မျိုးတေ.. 02-12-2009 
themightyreds
Fans
Joined: 25-11-2009
Posts: 7
Location: myanmar
 
Subject :Re:ဘယ်လို ကစားသမား မျိုးတွေ ၀ယ်ပြီး အားဖြည့်သင့်လဲ?

ရှေ့တန်းကနေ တွန်းတွန်းတိုက်တိုက်နဲ. ပါဝါဘောတွေကစားနိုင်တဲ့ ကစားသမား တစ်ယောက်လောက်တော့ အလိုချင်ဆုံးပါပဲ။ အဆုံးသတ်သေချာတဲ့ ကစားသမားဖြစ်ဖို.လဲ လိုအပ်ပါတယ်။
IP Logged
အဆုံးစွန်သောအောင်မြင်မှုအထိ အရောက်သွားမယ့် အနီကောင်လေးများ။
 Subject :Re:ဘယ်လို ကစားသမား မျိုးတေ.. 02-12-2009 
ngacthu
Fans
Joined: 22-11-2009
Posts: 41
Location
Subject :Re:ဘယ်လို ကစားသမား မျိုးတွေ ၀ယ်ပြီး အားဖြည့်သင့်လဲ?

အန်ဂေါ့လည်းအဆုံးသတ်သေချာပါတယ် (ဘေးကိုသေချာတာ) .. :D
IP Logged
 Subject :Re:ဘယ်လို ကစားသမား မျိုးတေ.. 02-12-2009 
ndrw
Fans
Joined: 02-12-2009
Posts: 2
Location
Subject :Re:ဘယ်လို ကစားသမား မျိုးတွေ ၀ယ်ပြီး အားဖြည့်သင့်လဲ?

Reserve team မှာ ခြေစွမ်းထက်တဲ့သူတွေရှိပါတယ် Pacheco ဆိုလည်း ကောင်းပါတယ် money မရှိတော့ သက်ကြီးဝါရင့်တွေပဲခေါ်ပြီးတွဲခေါ်သင့်တယ်
IP Logged
 Subject :Re:ဘယ်လို ကစားသမား မျိုးတေ.. 02-12-2009 
ndrw
Fans
Joined: 02-12-2009
Posts: 2
Location
Subject :Re:ဘယ်လို ကစားသမား မျိုးတွေ ၀ယ်ပြီး အားဖြည့်သင့်လဲ?

 

IP Logged
 Subject :Re:Re:ဘယ္လို ကစားသမား မ်ိဳးေ.. 03-12-2009 
oscar
Fans
Joined: 25-11-2009
Posts: 27
Location: Yangon
Subject :Re:Re:ဘယ်လို ကစားသမား မျိုးတွေ ၀ယ်ပြီး အားဖြည့်သင့်လဲ?

Plesis လဲမဆိုးပါဘူး
IP Logged
 Subject :Re:ဘယ်လို ကစားသမား မျိုးတေ.. 25-01-2010 
toegyi
Fans
Joined: 25-11-2009
Posts: 1
Location
Subject :Re:ဘယ်လို ကစားသမား မျိုးတွေ ၀ယ်ပြီး အားဖြည့်သင့်လဲ?

ဘာမှမလိုပါဘူး....တောင်ပံနှစ်ဖက်ပဲလိုတာပါ... မက်ဆီရိုဒရီကွက် ကောင်းပါစေလို့ပဲဆုတောင်းတယ်...:)
IP Logged
 Subject :Re:ဘယ်လို ကစားသမား မျိုးတေ.. 25-01-2010 
mokenlay
Fans
Joined: 25-01-2010
Posts: 2
Location
Subject :Re:ဘယ်လို ကစားသမား မျိုးတွေ ၀ယ်ပြီး အားဖြည့်သင့်လဲ?

၂၀၀၅ ဥရောပချန်ပီယံဖြစ်ခဲ့တာ စိတ်ဓါတ်တခုထဲနဲ့ပါ။ ခိုင်မာတဲ့စိတ်ဓါတ်ရှိနေတဲ့ ဘင်နီတတ်ဟာ အဲဒီတုန်းက သူ့ကစားသမားတွေကို တည့်တည့်မတ်မတ် လမ်းညွှန်ပေးနိုင်ခဲ့တယ်၊ အဲဒီတုန်းက ရာဖာနဲ့ အခုဘင်နီတတ် အရမ်းကွာနေတယ်။ ကျွန်တော်တို့အသင်းရဲ့ ပြသနာက အဲဒါပဲ။

ဟိုတုန်းက တောရက်စ်မရှိဘူး ရေနာမရှိဘူး ရီအာရီမရှိဘူး မက်ရှာလေနိုမရှိဘူး ဒါပေမဲ့ ဥရောပချန်ပီယံဖြစ်ခဲ့တယ်။ တကယ်ဆို အခုအစုဖွဲ့မှုက ၂၀၀၅ထက် အများကြီးကောင်းနေပါပြီ ခက်တာ စိတ်ဓါတ်အင်အားချင်းအရမ်းကွာနေလွန်းနေတယ်။ တကယ်တော့ လီဘာပူးအတွက် ကစားသမားအသစ်ဝယ်စရာတောင် မလိုဘူးလို့ ထင်ပါတယ် လိုနေတာက အာဆင်ဝင်းဂါးလို ဖာဂူဆန်လို ဟိုတုန်းက ရာဖာလို တည်ငြိမ်တဲ့ စိတ်ဓါတ်တွန်းအားလိုနေတာလို့ ထင်မိပါတယ်။

IP Logged
 Subject :Re:ဘယ်လို ကစားသမား မျိုးတေ.. 26-01-2010 
fhokyaw
Fans
Joined: 25-11-2009
Posts: 9
Location: YGN
Subject :Re:ဘယ်လို ကစားသမား မျိုးတွေ ၀ယ်ပြီး အားဖြည့်သင့်လဲ?

စိတ်ဓါတ်ပြန်လည် မြှင့်တင်ပေးဖို့လိုနေတယ်လို့ ထင်ပါတယ် ...

ရှေ့တန်းမှာတော့ တောရက်စ်မရှိရင် ကစားဖို့တယောက်လောက်တော့ လိုတယ်

အဓိကကတော့ စိတ်ဓါတ်ပါပဲ Team Work ကိုပြန်ရရင် အားလုံးပြန်ကောင်းလာမှာပါ ...

IP Logged
You'll Never Walk Alone
 Subject :Re:Re:ဘယ္လို ကစားသမား မ်ိဳးေ.. 26-01-2010 
ngacthu
Fans
Joined: 22-11-2009
Posts: 41
Location
Subject :Re:Re:ဘယ်လို ကစားသမား မျိုးတွေ ၀ယ်ပြီး အားဖြည့်သင့်လဲ?

အား ရိုက်လိုက်တာတွေ မတက်ဘူး ... အများကြီး ရိုက်လိုက်တာ .. Quick Reply ကဘာဖြစ်နေလဲမသိဘူး
IP Logged
 Subject :Re:Re:ဘယ္လို ကစားသမား မ်ိဳးေ.. 26-01-2010 
oscar
Fans
Joined: 25-11-2009
Posts: 27
Location: Yangon
Subject :Re:Re:ဘယ်လို ကစားသမား မျိုးတွေ ၀ယ်ပြီး အားဖြည့်သင့်လဲ?

အသင်းမှာ စိတ်ဓာတ်ပြင်းပြင်းနဲ့ အသေကျေကစားတာဆိုလို့ Dirk Kuyt တစ်ယောက်ပဲအားရတော့တယ်.. Lucas ကတော့ အသေကျေကစားလွန်းလို့ကို ခက်နေတာ ဟိုပြေးဒီပြေးနဲ့ ကိုယ့်နေရာကိုယ်မနေဘူး....ဒါပေမယ့် ခုတလော အဲကောင် အရင်ကလောက်တော့ မဆိုးတော့ဘူးထင်တာပဲ... Gerrard ပြန်ကောင်းလာရင်တော့ အလယ်ပြန်ဆင်းခိုင်းပီး Aquilani ကိုရှေ့မှာ အကူကစားခိုင်းရင်ကောင်းမယ်.. ခုအသင်းမှာ လိုနေတာ အလယ်ကနေပီး Long Ball Passing ကောင်းကောင်းလေးတွေ... ခုဟာက အနီးကလူကိုပဲ အဆင်ပြေသလိုပေးနေရတဲ့ ကစားကွက်ဖြစ်နေတယ်
IP Logged
 Subject :Re:ဘယ်လို ကစားသမား မျိုးတေ.. 26-01-2010 
ngacthu
Fans
Joined: 22-11-2009
Posts: 41
Location
Subject :Re:ဘယ်လို ကစားသမား မျိုးတွေ ၀ယ်ပြီး အားဖြည့်သင့်လဲ?

အင်း ခုကစားကွက်က တစ်ချက်ထိ သူများစီရောက် ကစားကွက်လေ ဟေးဟေး . . :D
IP Logged
 Subject :Re:ဘယ်လို ကစားသမား မျိုးတေ.. 25-03-2010 
yanliverpool
Fans
Joined: 26-03-2010
Posts: 2
Location: yangon
Subject :Re:ဘယ်လို ကစားသမား မျိုးတွေ ၀ယ်ပြီး အားဖြည့်သင့်လဲ?

ခုလည်း လူဝယ်ရတော့မယ် ဒီနှစ်ကတော့ ထားပါတော့ နောက်နှစ် အတွက်က ကျနော် အထင် ပြောရင် ၄ ၄ ၂ ကို ပြန် ကစားစေချင်တယ် ဒါမှ မဟုတ်သေးရင်လည်း ၄၁၃၂ နဲ့ အထိုင်ချကြည့်ရအောင်ဗျာ နောက်တန်း အတွက်က စမယ်ဆိုရင် စကာတယ်နဲ့ အ၈္ဂါ နှစ်ယောက်ဆို မဆိုးပါဘူး လူနာသွားရင် အစားထိုးဖို့ တစ်ယောက်တော့ ဝယ်သင့်ပါတယ်။ ကဲ ကွင်းလယ်ဗျာ မာရှေ့ရာနို ကို ကွင်းလယ် အဖျက်ထားဗျာ လူးကပ်ကတော့ အရံထား နောက် ၃ယောက်ကတော့ ဂျရတ် အကွာလီနီ နဲ့ တွဲလို့ရအောင် တစ်ယောက်လိုနေတယ် ကွင်းလယ်တစ်ယာက်တော့ဝယ်ရမယ် ရှေတန်းက လိုအပ်တယ်ဆို ပေမယ် တောရက်နဲ့ ကူရစ်ကို အတွဲထားပြီး အန်းဂေါ့နဲ ဘာဘယ်ကို အရံထားပြီး ကန်ခိုင်း၇င် အဆင်ပြေပါတယ် အဓီက ကတော့ နောက်တန်း ကောင်းကောင်း တစ်ယောက်နဲ့ ကွင်းလယ် ကောင်းကောင်း တစ်ယောက်တော့ဝယ်သင့်မယ်ထင်ပါတယ် ကျနော် အမြင်တာ ဖြစ်ပါသည်၊၊
IP Logged
ကြိုးကြာနီတို့ ရဲ့ အောင်ပွဲ တွေကို တို့ အတူတူကြည့်ကြမယ်
Page # 


Powered by ccBoard