နောက်ဆုံး သတင်းများ
Sunday, 05 September 2010
 Myanmar Liverpool Fans Forum
Welcome Guest   [Register]  [Login]
  • «
  •  Start 
  •  Prev 
  •  1 
  •  2 
  •  3 
  •  4 
  •  5 
  •  6 
  •  7 
  •  Next 
  •  End 
  • »
 Subject :Re:Last Match & Next Match.. 13-08-2010 
moewai
Fans
Joined: 26-05-2009
Posts: 29
Location
 
Forum : လီဗာပူးလ် အသင်းနှင့် ပတ်သက်တာ မှန်သမျှ ဆွေးနွေးကြမယ်
Topic : Last Match & Next Match

အပိုလိုကြီးကတော့ ပွဲကြို သုံးသပ်ချက်ကို သေသေသပ်သပ်နဲ့ လုပ်ချလိုက်ပီ.. http://www.myanmarkops.com/index.php?option=com_content&view=article&id=379:match-preview--liverpool-vs-arsenal&catid=41:match-preview&Itemid=48 အက်ဒမင်တွေ အနေနဲ့ အမာခံ ပရိသတ်တွေ အနေနဲ့ သတင်းတွေ၊ ဆောင်းပါးတွေ၊ သုံးသပ်ချက်တွေ ပုံမှန် တင်ဆက်ပေးသွားဖို့ ရည်ရွယ် ထားပါတယ်။

လီဗာပူးလ်ကို ချစ်တဲ့ သူတွေ အားလုံးကို ဒီနေရာက တစ်ခုလောက် တိုက်တွန်း မေတ္တာ ရပ်ခံချင်တာက ဒီဖိုရမ်လေးကို အသက်သွင်းရာမှာ ကူညီပေးဖို့ပါ။ အားလုံး တိုင်ပင်ကြ၊ ရေးကြ၊ ပြောကြ၊ ငြင်းကြခုံကြနဲ့ ပျော်စရာ ဖိုရမ်လေး တစ်ခု ဖြစ်လာစေချင်ပါတယ်။


ဒီ Topic ကတော့ ပွဲတွေနဲ့ ပတ်သက်ပြီး ရေးဖို့ပါ။ လာမယ့် ပွဲတွေအပေါ် ထင်မြင်ချက်၊ ယူဆချက်တွေ၊ ပြောချင်တာတွေ ရေးဖို့နဲ့ ပြီးသွားတဲ့ ပွဲတွေ အပေါ် ပြန်လှန် သုံးသပ်ကြဖို့၊ အောင်ပွဲခံ ကြဖို့၊ ဝေဖန်ကြဖို့ပါ။ ကဲ..


တနင်္ဂနွေနေ့ ညဆိုရင် အာကြီးနဲ့ အန်ဖီးလ်မှာ အဖွင့်ပွဲ ကစားရပြီ... နည်းပြသစ် ဟော့ဒ်ဆန် လက်ထဲမှာ ပရီးမီးယားလိဂ် အဖွင့်လှဖို့ အားလုံးက မျှော်လင့်နေကြပြီ..

ကိုယ့်ရဲ့ ထင်မြင် ယူဆချက်လေးတွေ မျှဝေပေးကြပါဦးလို့.....


လေးစားစွာဖြင့်...


IP Logged
ခရီးဆုံးထိ ပျံသန်းမယ့် ကြိုးကြာ
 Subject :Re:2010 ပြောင်းအရွှေ့ဈေးကွက် .. 10-08-2010 
felixhong
Fans
Joined: 22-07-2010
Posts: 3
Location
Forum : လီဗာပူးလ် အသင်းနှင့် ပတ်သက်တာ မှန်သမျှ ဆွေးနွေးကြမယ်
Topic : 2010 ပြောင်းအရွှေ့ဈေးကွက် နှင့် လီဗာပူး

Subject :Re:2010 ပြောင်းအရွှေ့ဈေးကွက် နှင့် လီဗာပူး

အခုတလောတော့ ပြင်သစ်တိုက်စစ်မှူး လိုရစ်ရီမီနဲ့ လီဗာပူးသတင်းကငြိမ်သလောက်ဖြစ်သွားတယ်။

ပီတာခရောက်ခ်ျ ကိုပြန်ဝယ်မယ့်သတင်းတွေကလည်းထွက်နေတယ်။ ခရောက်ခ်ျ ကတော့လက်ရှိအနေအထားအရ အရင်လီဗာပူးမှာတုန်းကထက်တော့ အများကြီးခြေတက်လာတယ်။ ၁၀ သန်းထက်တော့ပိုမတန်ပါဘူးဗျာ။ နောက်ဆုံးရောက်လာရင်လဲ မဆိုးပါဘူး။

နောက်ထပ်သတင်းကတော့ ကာလ်တန်ကိုလ်းတဲ့။ ကိုလ်းကိုတော့လုံးဝမကြိုက်ကြောင်းပါ။ တောင်းတဲ့ငွေကလည်း ၁၂သန်းတဲ့။ မတန်ပါ။ မ၀ယ်သင့်ပါ။

ပေါလ်ဆင်ကတော့ရောက်ဖို့သေချာသလောက်ပဲ။ သူကစားတဲ့ပွဲမကြည့်ဖူးတဲ့အတွက်ဒိန်းမတ်သားကြီးကြောင်းတော့မသိဘူး။ ဟော့ဆန်ကတော့ သူမြေတောင်မြှောက်ပေးခဲ့တဲ့ ကစားသမားမလို့ အသက်သုံးဆယ်လောက်ရှိနေတာတောင် ၆သန်းပေးခေါ်ထားတယ်ဆိုတော့သူ့ကြောင်းကောင်းကောင်းသိလို့နေမှာပေါ့။ ဟော့ဆန်ကြီးကိုမျက်စိမှိတ် ယုံလိုက်ပြီ။ အားပေးလိုက်ပြီဗျာ ပေါဆင်ရေ။

အကြီလာနီကေတာ့ ပါရမီရွိၿပီးသားပါ။ အရင်နှစ်က ဒဏ်ရာပြသနာတွေနဲ့ မလို့ ပုံမှန်ခြေစွမ်းမရတာပါ။ ပြီးတော့ ဘင်နီတက်ဇ်က လဲ သူ့ရဲ့ချစ်သားကြီးလူးကပ်စ်ကိုပဲဘယ်လောက်စုတ်ပြတ်သတ်နေပစေနေရာပေးထားတော့ အကွီလာနီအခွင့်အရေးကောင်းကောင်းမရတာပါ။ ဒီနှစ်တော့ အီတလီမင်းသားလဲ ကောင်းကောင်းအနားရထားတယ်။ ဒဏ်ရာလဲကင်းပြီဆိုတော့ အားကိုးရလောက်ပါပြီ။ ၂၀၀၃ ခုနှစ်တုန်းက U-21ပြိုင်ပွဲမှာ အကောင်းဆုံးဆုရထားတဲ့ကစားသမားပဲ ဗျာ။ ပြီးတော့ရိုးမားတုန်းကလဲ ဆရာတစ်ပါးဖြစ်ခဲ့တာပဲ။ ပုံမှန်သာပေးကစားလို့ကတော့ ကောင်းကောင်းခြေစွမ်းပြမှာပါ။

IP Logged
 Subject :Re:2010 ပြောင်းအရွှေ့ဈေးကွက် .. 09-08-2010 
အလင်း
Fans
Joined: 25-11-2009
Posts: 2
Location
Forum : လီဗာပူးလ် အသင်းနှင့် ပတ်သက်တာ မှန်သမျှ ဆွေးနွေးကြမယ်
Topic : 2010 ပြောင်းအရွှေ့ဈေးကွက် နှင့် လီဗာပူး

Subject :Re:2010 ပြောင်းအရွှေ့ဈေးကွက် နှင့် လီဗာပူး

လူငယ်တွေပိုပီးနေရာရလာမယ်လို့ထင်တယ်။striker တစ်ယောက်လောက်ထပ်ဝယ်နိုင်ရင်ကောင်းမယ်ထင်တယ်။တောရတ်စ်ကိုပဲအမြဲတမ်းမှီခိုနေရတာကို သဘောမကျဘူး။ဂျိုကိုးလ်ကိုခေါ်လိုက်နိုင်တာကို သဘောကျတယ်။သူ့ကို နောက်ချန်နေရာကဆော့ခိုင်းပီး ဂျာရတ်ကိုအလယ်မှာဆင်းဆော့ခိုင်းတာပိုပီးအဆင်ပြေမယ်ထင်တယ်။အကွီလာနီတော့ဘယ်လိုဖြစ်လာမလဲမသိသေးဘူး။သုံးသွားရင်တော့ ကောင်းလာမယ်ထင်ပါတယ်။
IP Logged
 Subject :2010 ပြောင်းအရွှေ့ဈေးကွက် န.. 22-07-2010 
felixhong
Fans
Joined: 22-07-2010
Posts: 3
Location
Forum : လီဗာပူးလ် အသင်းနှင့် ပတ်သက်တာ မှန်သမျှ ဆွေးနွေးကြမယ်
Topic : 2010 ပြောင်းအရွှေ့ဈေးကွက် နှင့် လီဗာပူး

Subject :2010 ပြောင်းအရွှေ့ဈေးကွက် နှင့် လီဗာပူး

လက်ရှိအခြေအနေအရတော့ မန်စီးတီးလောက်ခြေလှမ်းမသွက်ပေမယ့် မဆိုးဘူးလို့ပြောရမှာပဲ။

ဂျိုကိုးလ်ကိုအလွတ်နဲ့ခေါ်နိုင်တာ အသင်းအတွက် အတော်အကျိုးရှိသွားနိုင်တယ်။

ဘီနာယောင်ထွက်သွားတဲ့နေရာကိုပြန်ကာမိတဲ့အပြင် ဘီနာယောင်ရဲ့ပြောင်းရွှေ့ ကြေးကနောက်ကစားသမားဝယ်ဖို့ အရင်းအနှီးဖြစ်သွားတယ်။ ဒီနေရာမှာ ပါစလိုးနဲ့ ဟော့ဆန် ကိုချီးကျူးရမယ်။

ပြီးတော့ ဂျရက်ကြီးကလည်း ဆက်ရှိမှာသေချာသွားတော့ အသင်းမှာ စိတ်ဓာတ်ပိုင်းအားကောင်းလာနိုင်တယ်။

တောရက်စ်လည်း ဆက်ရှိဖို့များတယ်။ အဲလိုပဲ ဖြစ်စေချင်တယ်။ ဒီဘဲကြီးတော့ထွက်လို့မဖြစ်ဘူး။ သူဘယ်လောက်အရေးကြီးတယ်ဆိုတာ ကျွန်တော်တို့အားလုံးသိပြီးသားဖြစ်သလို အားလုံးကလည်းလိုလားတယ်။

ဆာဘီးယားကစားသမားဂျိုဗာနိုဗစ်ကိုလည်း အလွတ်နဲ့ ခေါ်နိုင်လိုက်တာ အနဲဆုံးတော့ အရံအင်အားအတွက်အထောက်အကူဖြစ်နိုင်တယ်။ ဂျာမနီနဲ့ ပွဲမှာကစားသွားတဲ့ခြေအရဆိုရင်တော့ အားကိုးရလောက်နိုင်တယ်။

ရိန်းဂျားရဲ့ဝီဆင်ကိုတော့ အချိန်ပေးစောင့်ကြည့်ရမယ်။ စကော့တလန်အကောင်းဆုံး လူငယ် ကစားသမားဆိုတော့ လည်း ခေသူတော့မဟုတ်လောက်ဘူး။  ဇတော့ရှိပြီးသားဖြစ်မှာပါ။

ခြေစမ်းပွဲမှာ အရံလူငယ်ကစားသမားတွေကိုသုံးနေပုံအရ လူငယ်တွေနေရာရလာနိုင်တယ်။ ဂျရက်၊ ကာရေဂါ၊ မာဖီ၊ အိုဝင် တို့လိုမျိုး ကစားသမားတွေမပါဘူးလို့မပြောနိုင်ဘူး။ ရှယ်ဗေး၊ အာယာလာ၊ ပါချီကို၊ အင့်စ်၊ အက်ကလီဆင် တို့ကတော့ အားရစရာဖြစ်လာနိုင်တယ်။ ဒီနေရာမှာတော့ ဟော့ဆန်ကိုစောင့်ကြည့်ရမယ်။ ဘင်နီတက်ဇ်လက်ထက် ကထက်တော့ နေရာပေးမှာတော့ သေချာလောက်တော့ လူငယ်တွေလည်း စိတ်ဓာက်တက်ပြီး ကြိုးစားကြမှာပါ။


IP Logged
 Subject :Liverpool in EPL 2010.. 22-07-2010 
felixhong
Fans
Joined: 22-07-2010
Posts: 3
Location
Forum : လီဗာပူးလ် အသင်းနှင့် ပတ်သက်တာ မှန်သမျှ ဆွေးနွေးကြမယ်
Topic : Liverpool in EPL 2010

နည်းပြသစ်၊ ကစားကွက်အသစ်၊ ကစားသမားအသစ်၊ အသင်းစပွန်ဆာအသစ်၊ အကျီပုံစံအသစ် နဲ့ ကျွန်တော်တို့ရဲ့ တပ်ဖွဲ့ကြီးကို ဘောလုံးရာသီအသစ်မှာ အောင်မြင်ဖို့ အားပေးကြတာပေါ့။

IP Logged
 Subject :Re:ဘယ်လို ကစားသမား မျိုးတေ.. 25-03-2010 
yanliverpool
Fans
Joined: 26-03-2010
Posts: 2
Location: yangon
Forum : လီဗာပူးလ် အသင်းနှင့် ပတ်သက်တာ မှန်သမျှ ဆွေးနွေးကြမယ်
Topic : ဘယ်လို ကစားသမား မျိုးတွေ ၀ယ်ပြီး အားဖြည့်သင့်လဲ?

Subject :Re:ဘယ်လို ကစားသမား မျိုးတွေ ၀ယ်ပြီး အားဖြည့်သင့်လဲ?

ခုလည်း လူဝယ်ရတော့မယ် ဒီနှစ်ကတော့ ထားပါတော့ နောက်နှစ် အတွက်က ကျနော် အထင် ပြောရင် ၄ ၄ ၂ ကို ပြန် ကစားစေချင်တယ် ဒါမှ မဟုတ်သေးရင်လည်း ၄၁၃၂ နဲ့ အထိုင်ချကြည့်ရအောင်ဗျာ နောက်တန်း အတွက်က စမယ်ဆိုရင် စကာတယ်နဲ့ အ၈္ဂါ နှစ်ယောက်ဆို မဆိုးပါဘူး လူနာသွားရင် အစားထိုးဖို့ တစ်ယောက်တော့ ဝယ်သင့်ပါတယ်။ ကဲ ကွင်းလယ်ဗျာ မာရှေ့ရာနို ကို ကွင်းလယ် အဖျက်ထားဗျာ လူးကပ်ကတော့ အရံထား နောက် ၃ယောက်ကတော့ ဂျရတ် အကွာလီနီ နဲ့ တွဲလို့ရအောင် တစ်ယောက်လိုနေတယ် ကွင်းလယ်တစ်ယာက်တော့ဝယ်ရမယ် ရှေတန်းက လိုအပ်တယ်ဆို ပေမယ် တောရက်နဲ့ ကူရစ်ကို အတွဲထားပြီး အန်းဂေါ့နဲ ဘာဘယ်ကို အရံထားပြီး ကန်ခိုင်း၇င် အဆင်ပြေပါတယ် အဓီက ကတော့ နောက်တန်း ကောင်းကောင်း တစ်ယောက်နဲ့ ကွင်းလယ် ကောင်းကောင်း တစ်ယောက်တော့ဝယ်သင့်မယ်ထင်ပါတယ် ကျနော် အမြင်တာ ဖြစ်ပါသည်၊၊
IP Logged
ကြိုးကြာနီတို့ ရဲ့ အောင်ပွဲ တွေကို တို့ အတူတူကြည့်ကြမယ်
 Subject :Re:တောရက်စ်ကို ပေါင် သန်း၈.. 25-03-2010 
yanliverpool
Fans
Joined: 26-03-2010
Posts: 2
Location: yangon
Forum : လီဗာပူးလ် အသင်းနှင့် ပတ်သက်တာ မှန်သမျှ ဆွေးနွေးကြမယ်
Topic : တောရက်စ်ကို ပေါင် သန်း၈၀ ပေးရင် ရောင်းသင့်လား?

Subject :Re:တောရက်စ်ကို ပေါင် သန်း၈၀ ပေးရင် ရောင်းသင့်လား?

ဘယ်လို မှ ကို မေ၇ာင်းသင့်ဘူး လူပဲ ဝယ်သင့်ပါတယ် နောက်တန်း တစ်ယောက်ကောင်းကောင်းလေး ပြီးတော့ အလယ်တန်းက မာရှေရာနို နဲ့ ဂျရတ် ကို ချိတ်ပေးနိုင်တဲ့သူ Or Ohm midfield တစ်ကောက်လောက်လိသေးတယ် ပြီးတော့ တောင်ပံ တိုက်စစ်မှူးကောင်းကောင်း တစ်ယောက်လိုတယ် တောရက် နာနေရင်လည်း တိုက်စစ်မှူးအျဖြစ် ကစားနိုင်သူမျိုးလေ
IP Logged
ကြိုးကြာနီတို့ ရဲ့ အောင်ပွဲ တွေကို တို့ အတူတူကြည့်ကြမယ်
 Subject :Re:PREDICT THE MATCH.. 21-02-2010 
evil.smh*
Fans
Joined: 18-02-2010
Posts: 5
Location
Forum : လီဗာပူးလ် အသင်းနှင့် ပတ်သက်တာ မှန်သမျှ ဆွေးနွေးကြမယ်
Topic : PREDICT THE MATCH

Man-City 0-2 Liverpool naw

IP Logged
 Subject :Re:PREDICT THE MATCH.. 21-02-2010 
evil.smh*
Fans
Joined: 18-02-2010
Posts: 5
Location
Forum : လီဗာပူးလ် အသင်းနှင့် ပတ်သက်တာ မှန်သမျှ ဆွေးနွေးကြမယ်
Topic : PREDICT THE MATCH

Man-City 0-2 Liverpool naw

IP Logged
 Subject :Re:လီဗာပူးပရိတ်သတ်တွေဆုံရ.. 19-02-2010 
Myoe Minn Soe
Fans
Joined: 25-01-2010
Posts: 1
Location
Forum : လီဗာပူးလ် အသင်းနှင့် ပတ်သက်တာ မှန်သမျှ ဆွေးနွေးကြမယ်
Topic : လီဗာပူးပရိတ်သတ်တွေဆုံရအောင်

Subject :Re:လီဗာပူးပရိတ်သတ်တွေဆုံရအောင်

ဘယ်နေရာမှာဆုံမှာလဲမသိဘူး
IP Logged
 Subject :Re:တောရက်စ်ကို ပေါင် သန်း၈.. 18-02-2010 
evil.smh*
Fans
Joined: 18-02-2010
Posts: 5
Location
Forum : လီဗာပူးလ် အသင်းနှင့် ပတ်သက်တာ မှန်သမျှ ဆွေးနွေးကြမယ်
Topic : တောရက်စ်ကို ပေါင် သန်း၈၀ ပေးရင် ရောင်းသင့်လား?

Subject :Re:တောရက်စ်ကို ပေါင် သန်း၈၀ ပေးရင် ရောင်းသင့်လား?

The Whole World ကိုပေးမယ်ဆိုရင်တောင်မရောင်းဘူး။
IP Logged
 Subject :Re:တောရက်စ်ကို ပေါင် သန်း၈.. 18-02-2010 
evil.smh*
Fans
Joined: 18-02-2010
Posts: 5
Location
Forum : လီဗာပူးလ် အသင်းနှင့် ပတ်သက်တာ မှန်သမျှ ဆွေးနွေးကြမယ်
Topic : တောရက်စ်ကို ပေါင် သန်း၈၀ ပေးရင် ရောင်းသင့်လား?

Subject :Re:တောရက်စ်ကို ပေါင် သန်း၈၀ ပေးရင် ရောင်းသင့်လား?

The Whole world ကိုပေးမယ်ဆိုရင်တောင်မရောင်းဘူး။
IP Logged
 Subject :လီဗာပူးပရိတ်သတ်တွေဆုံရေ.. 18-02-2010 
evil.smh*
Fans
Joined: 18-02-2010
Posts: 5
Location
Forum : လီဗာပူးလ် အသင်းနှင့် ပတ်သက်တာ မှန်သမျှ ဆွေးနွေးကြမယ်
Topic : လီဗာပူးပရိတ်သတ်တွေဆုံရအောင်

Subject :လီဗာပူးပရိတ်သတ်တွေဆုံရအောင်

မန်ယူနဲ့ပွဲကျရင်ကျွန်တော်တို့ဆုံကြရအောင်။လီဗာပူးနိုင်တာကိုအတူတကြည့်ရအောင်။

IP Logged
 Subject :Re:Re:Last Match & Next Match.. 10-02-2010 
moewai
Fans
Joined: 26-05-2009
Posts: 29
Location
 
Forum : လီဗာပူးလ် အသင်းနှင့် ပတ်သက်တာ မှန်သမျှ ဆွေးနွေးကြမယ်
Topic : Last Match & Next Match

အဲဒါက Quick Reply နဲ့မို့ ဖြစ်တာ. သူက ဘာ style မှ လက်မခံဘူး.. ဒါကြောင့်
IP Logged
ခရီးဆုံးထိ ပျံသန်းမယ့် ကြိုးကြာ
 Subject :Re:Last Match & Next Match.. 10-02-2010 
ngacthu
Fans
Joined: 22-11-2009
Posts: 41
Location
Forum : လီဗာပူးလ် အသင်းနှင့် ပတ်သက်တာ မှန်သမျှ ဆွေးနွေးကြမယ်
Topic : Last Match & Next Match

ဟင် ဘယ်လိုကြီးဖြစ် သွားလဲ မသိဘူး .. ကိုမိုးဝေ စီက ကော်ပီကူးလိုက်တာ
IP Logged
 Subject :Re:Last Match & Next Match.. 10-02-2010 
ngacthu
Fans
Joined: 22-11-2009
Posts: 41
Location
Forum : လီဗာပူးလ် အသင်းနှင့် ပတ်သက်တာ မှန်သမျှ ဆွေးနွေးကြမယ်
Topic : Last Match & Next Match

------------- Reina Carra -- Skrtel -- Agger -- Insua --------- Mascherano Kuyt ----------- Lucas --------- Maxi -------- Gerrard --------------- Babel Sub: Riera, Ngog, Aurelio :P
IP Logged
 Subject :My Team For Tonight's Victory.. 10-02-2010 
moewai
Fans
Joined: 26-05-2009
Posts: 29
Location
 
Forum : လီဗာပူးလ် အသင်းနှင့် ပတ်သက်တာ မှန်သမျှ ဆွေးနွေးကြမယ်
Topic : Last Match & Next Match

------------- Reina
Carra -- Agger -- Skrtel -- Insua
--------- Mascherano
Kuyt ----------- Lucas --------- Riera
-------- Gerrard
--------------- Babel

Sub: Maxi, Ngog, Aurelio

IP Logged
ခရီးဆုံးထိ ပျံသန်းမယ့် ကြိုးကြာ
 Subject :Re:Re:Last Match & Next Match.. 09-02-2010 
ngacthu
Fans
Joined: 22-11-2009
Posts: 41
Location
Forum : လီဗာပူးလ် အသင်းနှင့် ပတ်သက်တာ မှန်သမျှ ဆွေးနွေးကြမယ်
Topic : Last Match & Next Match

အင်းဟုတ်တယ် အာရှာဗင်က ကျွန်တော်တို့ အသင်းနဲ့တွေ့တိုင်း ဂိုးသွင်းနေတာ နည်းနည်းတော့ အမြင်ကပ်ဖို့တောင် ကောင်းနေပီ .. ကဲဒီ တစ်ခါတော့ လဒကောင်လေး ကိုသူဂိုးမသွင်းခင် ကိုယ်တွေဘက်က အရင် သမထားရမယ် ဟီး
IP Logged
 Subject :Re:Last Match & Next Match.. 09-02-2010 
moewai
Fans
Joined: 26-05-2009
Posts: 29
Location
 
Forum : လီဗာပူးလ် အသင်းနှင့် ပတ်သက်တာ မှန်သမျှ ဆွေးနွေးကြမယ်
Topic : Last Match & Next Match

အာကြီးနဲ့ ပတ်သက်ရင် စိုးရိမ်မိတာ တစ်ခုတော့ ရှိတယ်. အာရှာဗင် ကန်တိုင်း ဂိုးတတ်တာ။ ငတိ ဘာဆေးတွေ စားပြီး ကြက်ကန်းတွေ တိုးနေမှန်းကို မသိဘူး.. စိတ်လေတယ်။ ဒါပေမယ့် ဒီတစ်ခါ ထပ်မဖြစ်ဘူးလို့ မျှော်လင့်တယ်။

ဒီပွဲမှာ အာဆင်နယ်ကို အနိုင်ဂိုး သွင်းမယ်သူက ဂျရတ် ကိုယ်တိုင်ပဲ ဖြစ်လိမ့်မယ်လို့ ထင်တယ်။ သူ ပြီးခဲ့တဲ့ ပွဲတွေမှာ ဂိုးပေါက်နားမှာ သီနေတာ သတိထားမိတယ်။ ကစ်တွေ ပြန်ကောင်းလာပြီ.. ကဲ ဂျရတ်နဲ့ ကြိုးကြာ တပ်ဖွဲ့ရေ ရေ.. လုပ်ထား..

IP Logged
ခရီးဆုံးထိ ပျံသန်းမယ့် ကြိုးကြာ
 Subject :Re:Re:Last Match & Next Match.. 07-02-2010 
ngacthu
Fans
Joined: 22-11-2009
Posts: 41
Location
Forum : လီဗာပူးလ် အသင်းနှင့် ပတ်သက်တာ မှန်သမျှ ဆွေးနွေးကြမယ်
Topic : Last Match & Next Match

ဟုတ်တယ် ဒီပွဲ(အဲဗာတန်) အနိုင်ရလိုက်တာ အတော် အရေးပါတယ် ရှေ့မှာ ဂိုးသွင်းမယ့် သူမရှိဖြစ်နေချိန်မှာ ဒါးကောက် ဂိုးတွေ သွင်းပေးနေတာ အတော်လေး တန်ဖိုးရှိတယ်ဗျာ.. အန်ဂေါ့က ကွန်ထရိုးတွေ ကစားအားတွေ ကောင်းပေမယ့် အဆုံးသတ်အတော် လေးကို ညံ့နေတယ် .. အခုပွဲမှာ ကာဂျီယန်ကော့ အထုတ်ခံရတော့ ဂျရတ်ကိုယ်တိုင် ကွင်းလယ် ခံစစ်ပြန်ကစား ပေးနေရလို့ ကစား ပုံအတော်လေး အားနည်းသွား ပေမယ့် .. ခံစစ်ကစား ရင်းနဲ့ပဲ ရတဲ့ တည်ကန်ဘောကနေ ဂိုးရအောင် သွင်းနိုင်လိုက်တာ အတော်လေး ကောင်းသွားတယ် .. အခုနောက်ပိုင်း အသင်းနိုင်ပွဲတွေ မှာ အသင်းရဲ့ ကျစ်လစ်တဲ့ ခံစစ် ကစားပုံကြောင့်လည်း ပါတယ်ဗျ.. ရာသီစက ဂိုးတွေ အတော်လေး ပေးလိုက်ရပေမယ့် ခုနောက်ဆုံး လေးပွဲ မှာပေးဂိုး လုံးဝမရှိပဲ ကလင်းရှိ ကစားနိုင်ခဲ့တယ်.. အဲဒိပုံစံကို အာဆင်နယ် နဲ့ပွဲမှာ ဆက်ထိန်းထားနိုင်မလား ဆိုတာ စောင့်ကြည့်ရမယ် .. ကဲ အာကြီးကို နိုင်အောင် ကန်နိုင်လိုက်ရင်တော့ ကျွန်တော်တို့ အခြေအနေ အတော်လေး ပြန်ကောင်းသွားပီဗျာ .. ကြိုးစားထား ကြိုးကြာနီတို့ရေ ... .. You'll Never Walk Alone ..
IP Logged
Page # 
  • «
  •  Start 
  •  Prev 
  •  1 
  •  2 
  •  3 
  •  4 
  •  5 
  •  6 
  •  7 
  •  Next 
  •  End 
  • »


Powered by ccBoard