နောက်ဆုံး သတင်းများ
Sunday, 05 September 2010
အရောင်များ၊ ၀တ်စုံများနှင့် လီဗာပူးလ်
Written by kop-apolo    Tuesday, 24 November 2009 15:18    PDF Print E-mail

လီဗာပူးလ် အသင်းရဲ့ မူလ အရောင် တွေကတော့ အနီရောင်နဲ့ အဖြူရောင်တို့ ဖြစ်ပါတယ်။ ၁၉၆၀ ခုနှစ်က စပြီးတော့ အိမ်ကွင်းဝတ်စုံက အပေါ်အောက် အနီ ဖြစ်လာပါတယ်၊ သို့ပေမယ့် ယခင် အဲဗာတန် အသင်းကနေ လီဗာပူးလ် အသင်းလို့ ခွဲလာတဲ့ အချိန်တုန်းက လီဗာပူး အသင်းဟာ အဲဗာတန် အသင်းရဲ့ အပြာနဲ့ အဖြူရောင်ကို ယူထားပြီးတော့ အသင်း ၀တ်စုံကလည်း အဲဗာတန် အသင်းနဲ့ ထပ်တူညီ နီးပါး တူပါတယ်။

၁၈၉၄ ခုနှစ်မှာ လီဗာပူးလ် အသင်းဟာ အနီရောင်ကို စတင် ၀တ်ဆင် ခဲ့ပါတယ်၊ ၁၉၀၁ ခုနှစ်မှာ လီဗာပူးလ်မြို့ အထိမ်းအမှတ် ငှက်ရဲ့အရောင် အပြာကိုလည်း အသင်းဝတ်စုံ အဖြစ် ၀တ်ဆင် ခဲ့ပါသေးတယ်။ နောင်နှစ်ပေါင်း ၆၀အထိ လီဗာပူးလ် အသင်းရဲ့ ၀တ်စုံကတော့ အင်္ကျီ အနီရောင်၊ ဘောင်းဘီအဖြူ၊ ခြေအိတ် အနီရောင်ပါ။ နောက်ပိုင်းမှာတော့ အနီမှ အနက်၊ တဖန်အဖြူ၊ နောက်ပြီးတော့ အနီကို ပြန်လည် ပြောင်းခဲ့ပါတယ်။

၁၉၆၄ ခုနှစ်မှာ မန်နေဂျာ ဘေလ်ရှန့်ကလေ (Bill Shankly)က လီဗာပူးလ် အသင်းဟာ အန်ဒါလက်ခ်ျနဲ့ ကစားတဲ့ပွဲမှာ တစ်သင်းလုံး ၀တ်စုံ အနီနဲ့ စတင် ကစားစေခဲ့တယ်လို့ အီယန်စိန့်ဂျွန် (Ian St.John) က သူ့ရဲ့ အထ္ထုပတ္တိမှာ အောက်ပါ အတိုင်း ရေးထားပါတယ်၊ “ရှန့်ကလေက ကြောင်ကြောင်ကြားကြား အရောင်တွေ ယူလာတယ်၊ သူကပြောတယ် အနီရောင်က ရဲရင့်တယ်၊ အနီရောင်က ခွန်အား အရောင်ပဲတဲ့၊ သူက အ၀တ်လဲခန်း ထဲကို ၀င်လာပြီးတော့ ရွန်နီရိတ် ဆီကို အနီရောင် ဖိနပ်တစ်ရံ ပစ်ပေးပြီးတော့ ဒါဝတ်ကြည့်စမ်း မင်းဘယ်လို နေမလဲလို့ ငါကြည့်ချင်တယ်လို့ ပြောတယ်၊ ပြီးတော့ ပြောသေးတယ်၊ ဟာ… ရွန်နီ.. မင်းတော်တော် ကြည့်လို့ ကောင်းတယ်၊ ၇ပေလောက် မြင့်လာတယ်လို့ ထင်ရတယ်တဲ့.. ကျွန်တော်က ဘော့စ် ဒါဆို ခြေအိတ်လည်း အနီရောင် ၀တ်လိုက်ရအောင်၊ အကုန်လုံး အနီရောင်နဲ့ ထွက်ကြမယ် လို့ပြောလိုက်တယ်” အဲဒီ အကြံဉာဏ်ကို ဘေလ်ရှန့်ကလေက အတည်ပြု ခဲ့ပါတယ်။

လီဗာပူးလ် အသင်းရဲ့ အဝေးကွင်း ၀တ်စုံကတော့ အဖြူရောင် အင်္ကျီ၊ အနက်ရောင် ခြေအိတ်၊ ဒါမှမဟုတ် တစ်စုံလုံး အ၀ါရောင် ဖြစ်ပါတယ်။ သို့ပေမယ့် ၁၉၈၇ ခုနှစ်မှာ တစ်စုံလုံး မီးခိုးရောင်နဲ့ အသင်းဝတ်စုံကို စတင် မိတ်ဆက်ပါတယ်။ ၁၉၉၁-၉၂ ရာသီအထိ အဲဒီ မီးခိုးရောင် ၀တ်စုံကို ၀တ်ဆင် ကြပါတယ်၊ နောက်မှာတော့ မီးခိုးရောင် ၀တ်စုံအစား အင်္ကျီ အစိမ်းရောင်နဲ့ ဘောင်းဘီ အဖြူရောင်ကို အစားထိုး လိုက်ပါတယ်၊ ၁၉၉၀ နောက်ပိုင်းမှာတော့ အရောင်ပေါင်း များစွာကို အသုံး ပြုခဲ့ပါတယ်။ ရွှေရောင်၊ မီးခိုး၊ အ၀ါရောင် အတောက်၊ အနက်၊ စစ်စိမ်းရောင် တို့ကို သုံးပါတယ်။ ၂၀၀၀ခုနှစ် နောက်ပိုင်းမှ အ၀ါရောင်နဲ့ အဖြူရောင် တို့ကို တစ်လှည့်စီ သုံးတဲ့ စနစ်ကို ကျင့်သုံး လာပါတယ်။

ခုလက်ရှိ လီဗာပူးလ် အသင်း ၀တ်စုံကိုတော့ အက်ဒီးဒက်စ်က ပုံစံ ထုတ်ထားပါတယ်၊ အက်ဒီးဒက်စ်ဟာ အသင်းရဲ့ ၀တ်စုံ တွေကို ၁၉၈၅ ကနေ ၁၉၉၆အထိ ထုတ်လုပ် ပေးဖူးပါတယ်။ အမ်ဘရို(Umbro) က အသင်း ၀တ်စုံကို ၁၉၈၅အထိ၊ ရီဘွတ်ခ် (Reebok)ကတော့ ၁၉၉၆မှ စတင်ပြီး ၁၀နှစ်ကြာ အသင်းနဲ့ လက်တွဲ ခဲ့ပါတယ်။

လီဗာပူးလ် အသင်းဟာ စပွန်ဆာ တံဆိပ်ကို ပထမဦးဆုံး တပ်ခဲ့တဲ့ ဗြိတိသျှအသင်း ဖြစ်ပါတယ်၊ ဟီတာချီ (Hitachi) တံဆိပ်ကို ၁၉၇၉ ခုနှစ်ကနေ စတင် တပ်ခဲ့ပါတယ်၊ အဲဒီနောက်မှာ ခုလက်ရှိ စပွန်ဆာဖြစ်တဲ့ ကားလ်စ်ဘက်ခ်ျ (Carlsberg) ကို ၁၉၉၂မှာ လက်မခံခင် ကြားထဲမှာ Crown Paints နဲ့ Canday ဆိုပြီးတော့ စပွန်ဆာ နှစ်ခု ရှိခဲ့ ပါသေးတယ်။ ခုလက်ရှိ စပွန်ဆာဖြစ်တဲ့ ကားလ်စ်ဘက်ခ်ျဟာ ဆိုရင်ဖြင့် အင်္ဂလိပ် ဘောလုံး လောကမှာ အကြာဆုံး စပွန်ဆာ အဖြစ် တည်ရှိ နေပါတယ်။ ဒါပေမယ့် လာမယ့် ၂၀၁၀-၁၁ ရာသီက စပြီး လီဗာပူးလ် အသင်းအား စတန်းဒက် ချာတာ (Standard Chartered) နဲ့ ဈေးအကြီးဆုံး စပွန်ဆာအဖြစ် စတင် လက်တွဲနေပြီ ဖြစ်ပါတယ်။


Last Updated ( Monday, 09 August 2010 10:15 )