|
လီဗာပူးလ် အသင်းဟာ အင်္ဂလန် နိုင်ငံ မာဆေးဆိုဒ် နယ်မှာ တည်ရှိတဲ့ လီဗာပူး မြို့မှာ အခြေခံပြီး တည်ထောင် ထားတဲ့ အသင်း တစ်သင်း ဖြစ်ပါတယ်။ ခုဆိုရင် ပရီးမီးယားလိဂ် လို့ခေါ်တဲ့ အမှတ်ပေး တန်းမှာ ၀င်ရောက် ယှဉ်ပြိုင် နေပြီးတော့ အင်္ဂလန် နိုင်ငံရဲ့ သမိုင်း တစ်လျှောက်မှာ အအောင်မြင်ဆုံး အသင်းအဖြစ် ရပ်တည် နေပါတယ်။ တခြား အသင်းတွေ ထက်လည်း ဖလားပေါင်း များစွာကို ပိုမို ပိုင်ဆိုင် နိုင်ခဲ့ပါတယ်။
လီဗာပူးလ် အသင်းဟာ အမှတ်ပေး ချန်ပီယံ ၁၈ ကြိမ် ရထားတဲ့ တစ်သင်းတည်းသော အင်္ဂလိပ် အသင်း ဖြစ်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ၂၀၀၈-၀၉ ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ၁၈ကြိမ် စံချိန်ကို လိုက်မီ ခဲ့ပါတယ်။ လီဗာပူးလ် အသင်းဟာ ဥရောပ ချန်ပီယံလိဂ် ဖလားကို ၅ကြိမ် ရယူ နိုင်ခဲ့ပြီး အင်္ဂလန် အသင်းတွေရဲ့ အအောင်မြင်ဆုံး အသင်းအဖြစ် ရပ်တည်လျှက် ရှိပါတယ်။ အီတလီမှ အေစီမီလန်နဲ့ စပိန်မှ ရီးရဲလ်မက်ဒရစ် အသင်းတွေ ကသာ လီဗာပူးထက် ချန်ပီယံလိဂ် ဖလားကို ပိုမို ရယူထားနိုင်တဲ့ အသင်းတွေ ဖြစ်ပါတယ်၊ အက်ဖ်အေ ဖလား (FA cup) နဲ့ လိဂ်ဖလား (League Cup) တို့ကိုလည်း ခုနစ်ကြိမ်စီ ရယူ နိုင်ခဲ့ပါတယ်။
လီဗာပူးလ် အသင်းဟာ ဥရောပမှာ ရှိတဲ့ အသင်းကြီးတွေ ပေါင်းပြီး တည်ထောင်ထားတဲ့ G-14 အဖွဲ့ကို စတင် တည်ထောင်ချိန် ကတည်းက ပါဝင်ခဲ့တဲ့ အသင်း ဖြစ်ပါတယ်။ လီဗာပူးလ် အသင်းဟာ အခုလက်ရှိ အန်ဖီးလ်(Anfield) ကွင်းမှာ အသင်းစတင် တည်ထောင်စဉ် အခါ ၁၈၉၂ ခုနှစ် ကတည်းက ကစား လာခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးအသင်းရဲ့ အောင်မြင်မှုများ
League Winners (18): 1900–01, 1905–06, 1921–22, 1922–23, 1946–47, 1963–64, 1965–66, 1972–73, 1975–76, 1976–77, 1978–79, 1979–80, 1981–82, 1982–83, 1983–84, 1985–86, 1987–88, 1989–90
FA Cup Winners (7): 1965, 1974, 1986, 1989, 1992, 2001, 2006
League Cup Winners (7): 1981, 1982, 1983, 1984, 1995, 2001, 2003
Community Shield Winners (15): 1964 (shared), 1965 (shared), 1966, 1974, 1976, 1977 (shared), 1979, 1980, 1982, 1986 (shared), 1988, 1989, 1990 (shared), 2001, 2006
Screen Sport Super Cup Winners (1): 1986
European Cup and UEFA Champions League Winners (5): 1977, 1978, 1981, 1984, 2005
UEFA Cup Winners (3): 1973, 1976, 2001
UEFA Super Cup Winners (3): 1977, 2001, 2005

|