|
လီဗာပူးလ် အသင်း ခေါင်းဆောင် စတီဗင် ဂျရတ်က ပြီးခဲ့သည့် အီဂျစ်အား ၃ဂိုး၁ဂိုးဖြင့် အနိုင်ရခဲ့သည့် အင်္ဂလန် အသင်းအား အသင်းခေါင်းဆောင် အဖြစ် ပွဲထွက်ခွင့် ရခြင်းမှာ အံ့သြဖွယ် ကောင်းသည့် ခံစားမှု ဖြစ်ကြောင်း ဖွင့်ဟ ပြောကြားခဲ့သည်။
ဂျရတ်သည် အသင်းခေါင်းဆောင် ဖာဒီနန် ပါဝင်နိုင်ခြင်း မရှိ၍ ထိုကဲ့သို့ အသင်း ခေါင်းဆောင် လက်ပတ်အား ရရှိခဲ့ခြင်း ဖြစ်ပြီး အင်္ဂလန် အသင်း အနေဖြင့် ဒုတိယပိုင်း သွင်းဂိုး ၃ဂိုးဖြင့် အီဂျစ် အသင်းအား အနိုင် ရခဲ့ခြင်း ဖြစ်သည်။ "ကျွန်တော့် အတွက်တော့ အရမ်း ကောင်းတဲ့ အခိုက်အတန့် ဖြစ်ခဲ့ပါတယ်။ ဥမင်ထဲကနေ အသင်းကို ဦးဆောင်ပြီး ထွက်ခွင့်ရတာဟာ အံ့အား သင့်ဖွယ် ခံစားမှု ဖြစ်စေပါတယ်။ နိုင်ပွဲ ရခဲ့တာကလည်း အရမ်းကို ကောင်းပါတယ်" ဟု ဂျရတ်က ဖွင့်ဟ ပြောကြားခဲ့သည်။
တစ်ချိန်တည်းတွင် သိရှိရသည့် သတင်းတစ်ရပ် အဆိုအရ ဂါလာတာစာရေး အသင်း၏ တောင်ပံ ကစားသမား အာဒါ တူရန် အနေဖြင့် လီဗာပူးလ် အသင်းထံသို့ ပြောင်းရွှေ့ရန် စိတ်ဝင်စားကြောင်း ၀န်ခံခဲ့ပြီး "ဥရောပမှ ဆိုရင် ကျွန်တော်ဟာ လီဗာပူးလ် ပရိသတ်ပါ။ ဒါကြောင့် ဥရောပမှာ ကစားမယ် ဆိုရင် သူတို့ အတွက် ကစားပေးချင် ပါတယ်" ဟု ဆိုခဲ့သည်။ တူရန်သည် အသက် ၂၃နှစ် အရွယ် တူရကီ လက်ရွေးစင် ကစားသမား ဖြစ်ပြီး တူရကီမှ ထွက်ခွါရန် နီးစပ်နေသူ ဖြစ်ကာ လီဗာပူးလ် မန်နေဂျာ ဘင်နီတက်ဇ်ကလည်း စိတ်ဝင်စား နေသည်ဟု သိရသည်။
|