|
လီဗာပူးလ် အသင်းသည် ချာလ်တန် အက်သလက်တစ် အသင်း၏ လူငယ် ကွင်းလယ် ကစားသမား ဂျွန်ဂျိုရှယ်လ်ဗီအား ဆေးစစ်မှု အောင်မြင်ပြီး၍ ၄င်းကို လာမည့် မေ (၁၀)ရက် နေ့တွင် အပြီးသတ် လက်မှတ်ထိုး ခေါ်ယူ မည် ဖြစ်ကြောင်း အတည်ပြု ပြော ကြား သွားသည်။
အသက် (၁၈)နှစ်အရွယ်ရှိ အဆိုပါ အင်္ဂလန် လူငယ် ကစားသမားလေးအ တွက် ကနဦး ပြောင်းရွှေ့ကြေး (၁.၇) သန်း ဖြင့် သဘော တူညီထားပြီး ၄င်း၏ စွမ်းဆောင်ရည် နှင့် နိုင်ငံတကာ အောင်မြင်မှုများပေါ် မူတည် ကာ ပြောင်းရွှေ့ကြေး မြင့်သွားမည် ဖြစ်သည်။
လီဗာပူးလ် အသင်းသည် ဂျွန်ဂျို အား ခေါ်ယူရန် အတွက် တစ်နှစ်ကြာခန့် စောင့်ကြည့် လေ့လာခဲ့ပြီးမှ ခေါ်ယူခဲ့ခြင်း ဖြစ်ကာ လာမည့်နှစ် ဘောလုံးရာသီတွင် အသင်း၏ ပထမ ကစားသမား တစ်ယောက် အဖြစ် ပွဲထုတ်ကစားစေရန် ရည်ရွယ်ထားကြောင်း အသင်း မန်နေဂျာ ဘင်နီတက်ဇ်က ပြောကြားခဲ့သည်။
ဂျွန်ဂျိုရှယ်လ်ဗီသည် ချာလ်တန် ပထမအသင်းကြီးအတွက် အသက်အငယ်ဆုံး ပွဲထွက်ကစားသမားအဖြစ် မှတ်တမ်း ၀င်ထားပြီး ၄င်း၏ အသက် ၁၆နှစ် ၅၉ ရက် အရွယ်တွင် စတင်ကစားပေးခဲ့ခြင်းဖြစ်သည်။ ချာလ်တန်အသင်းအတွက် ၄င်း ပါဝင် ကစားခဲ့သော ၄၈ ပွဲတွင် ၈ ဂိုး သွင်းယူခဲ့သည်။
ချာလ်တန်အသင်း ဥက္ကဌ Richard Murray ကလည်း " မည်သည့်အသင်းမဆို အသင်း၏ ထူးချွန်သော ကစားသမား လေးများကို လက်မလွှတ် လိုသော်လည်း လီဗာပူးလ်အသင်း၏ ကမ်းလှမ်းမှုကိုမူ ဂျွန်ဂျိုရှယ်လ်ဗီ ၏ အနာဂတ်အတွက် မငြင်းနိုင်ခဲ့ကြောင်း၊ ဂျွန်ဂျို ထိပ်တန်း ကစားသမား တစ်ယောက် ဖြစ်လာရန် လီဗာပူးလ်အသင်းက ကောင်းစွာ ပြုစု ပျိုးထောင် ပေးနိုင်မည် ဟု ယုံကြည်ကြောင်း " ပြောကြားသွားသည်။
တိုက်စစ်အားသန်သော အဆိုပါ ကွင်းလယ် ကစားသမားလေးသည် လီဗာပူးလ်အသင်း အတွက် နောက်ထပ် စတီဗင်ဂျရတ် တစ်ယောက် ဖြစ်လာနိုင်မလား ဆိုသည်ကိုတော့ စောင့်ကြည့်ရမည်ဖြစ်သည်။ ဂျွန်ဂျို ကိုယ်တိုင်ကလည်း ဂျရတ်သည် ၄င်း၏ စံပြ ကစားသမား တစ်ယောက် ဖြစ်ပြီး ဂျရတ်နဲ့အတူ ကစားသမားဘ၀ကို ဖြတ်သန်းချင်ကြောင်း ပြောကြား သွားသည်။
Jonjo Shelvey's Profile
Full name
Date of birth
Place of birth
Height
Weight
Playing position |
- Jonjo Shelvey
- 27 February 1992 (age 18)
- Romford, England
- 6 ft 0 in (1.83 m)
- 73 kg
- Midfielder, Second striker |
|