နောက်ဆုံး သတင်းများ
Sunday, 05 September 2010
ချန်ပီယံလိဂ် ၀င်ခွင့် မရရှိ ခဲ့ခြင်းကြောင့် တောရက်စ်အား ခေါ်ယူရန် ခက်ခဲဖွယ် ရှိသည်ဟု မန်စီနီ ၀န်ခံ
Written by ora    Tuesday, 11 May 2010 10:43   
User Rating: / 0
PoorBest 
Share |

Roberto Manciniဥရောပ ချန်ပီယံလိဂ် ၀င်ခွင့် မရရှိခဲ့သည့် မန်ချက်စတာ စီးတီး  အသင်း မန်နေဂျာ ရော်ဘတ်တို မန်စီနီက အသင်း အနေဖြင့် တောရက်စ်အား ခေါ်ယူရန် ကြိုးပမ်းမှုတွင် ထင်သလောက် လွယ်ကူေ တာ့မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

 မန်စီးတီး အသင်းသည် လာမည့် ရက်ပိုင်း အတွင်းတွင် တောရက်စ် အတွက် ပေါင် ၄၅သန်း ကမ်းလှမ်းမှုဖြင့် လီဗာပူးလ် အသင်းအား သွေးတိုးစမ်းရန် ကြံစည်နေသည့် အသင်း ဖြစ်သည်။ သို့သော် မန်စီနီက ယူရိုပါလိဂ် တွင်သာ ကစားခွင့် ရရှိခြင်းက တောရက်စ်နှင့် အခြား နာမည်ကြီး ကစားသမား များအား ခေါ်ယူရန် မလုံလောက်ကြောင်း ဖွင့်ဟ ၀န်ခံ ခဲ့ခြင်း ဖြစ်သည်။

"တောရက်စ်လိုမျိုး တကယ့် ထိပ်တန်း ကစားသမား တွေကို ဆွဲဆောင် နိုင်မလား ဆိုတော့ ကျွန်တော် မသိပါဘူး။ ဒါပေမယ့် သိပ်လည်း မထင်လှပါဘူး။ တကယ်လို့ အဆင့် ၄ အတွင်းသာ ၀င်ခဲ့မယ် ဆိုရင် ပိုပြီးတော့ ကောင်းမှာပါ။ သူတို့ကို ဆွဲဆောင်ရာမှာ ပိုပြီး လွယ်ကူစေမှာပါ။ အခုတော့ လုံးဝ မတူညီတဲ့ အခြေအနေပါ။ ယူရိုပါလိဂ်မှာ မကစားလိုဘဲ ချန်ပီယံလိဂ်မှာပဲ ကစားချင်တဲ့ ကစားသမားတွေ ရှိပါတယ်" ဟု မန်စီနီက ပြောကြားခဲ့သည်။

သို့သော် မန်စီနီက အထက်ပါ အတိုင်း ပြောနိုင် သကဲ့သို့ နောက်နှစ် ဘောလုံး ရာသီတွင် မန်စီးတီး အသင်းသို့ ပြောင်းရွှေ့ ကစားလိုသည့် ကစားသမား များလည်း များစွာ ရှိသည်ဟု ဆိုခဲ့ပြီး ၎င်းတို့ အနေဖြင့် လာမည့် ဘောလုံး ရာသီတွင် အခြား ပြိုင်ပွဲများတွင် ဗိုလ်စွဲရေးနှင့် ဥရောပ ချန်ပီယံလိဂ် ၀င်ခွင့် သေချာပေါက် ရရှိရေး ကြိုးပမ်း ရမည်ဟု ပြောကြားခဲ့သည်။ "ကျွန်တော်တို့ ချန်ပီယံလိဂ် ကစားခွင့် ရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် တခြား ပြိုင်ပွဲတွေကို အနိုင်ရဖို့ သေချာပေါက် ကြိုးစား ရပါမယ်။ ပြီးတော့ ပရီးမီးယားလိဂ်မှာ အဆင့် ၄ အတွင်း ၀င်ဖို့ပါ" ဟု ဆိုခဲ့သည်။

အသင်းမှ ထွက်ခွါမည်ဟု သတင်းများ ထွက်ပေါ်နေသည့် တိုက်စစ်မှူး ဘယ်လာမီနှင့် ပတ်သက်၍မူ "သူ လာမယ့်နှစ် ဘောလုံးရာသီ ဒီအသင်းမှာ ဆက်ရှိနေဦးမလား ဆိုရင် သူ ဆက်ရှိနေမယ်လို့ ကျွန်တော် ထင်ပါတယ်" ဟု တုံ့ပြန် ပြောကြားခဲ့သည်။

ထို့နောက် မန်စီနီက ၎င်းသည် မန်စီးတီး အသင်းအား ရာသီဝက်တွင် ဖြတ်၍ တာဝန် ယူခဲ့ရသဖြင့် ပိုမို၍ ခက်ခဲ ခဲ့ကြောင်း၊ သို့သော် အသင်းမှာ ၎င်း၏ ကိုင်တွယ်မှု အောက်တွင် တိုးတက်မှု ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ "ကျွန်တော်တို့ နေရာမှန်မှာ ရှိနေဆဲပါ။ ထိပ်ဆုံး ၅နေရာမှာပေါ့။ ချန်ပီယံလိဂ် ၀င်ခွင့် ရဖို့ ကြိုးပမ်းခဲ့တယ်။ မရခဲ့ပါဘူး။ ဒါပေမယ့် အဆင့်၅မှာ ရာသီကုန်ဆုံးခွင့် ရတာက အဆင့် ၆ နေရာထက်တော့ ကောင်းပါသေးတယ်" ဟု ဆိုခဲ့သည်။

Credit: Soccer Myanmar

 

Add comment


Security code
Refresh