နောက်ဆုံး သတင်းများ
Sunday, 05 September 2010
၎နှစ်စာချုပ်ဖြင့် ဂျိုးကိုးလ်အား ခေါ်ယူနိုင်ခဲ့ပြီဟု လီဗာပူးလ် အသင်း အတည်ပြု သတင်းထုတ်ပြန်
Written by ora    Wednesday, 21 July 2010 13:27   
User Rating: / 0
PoorBest 
Share |



Joe Coleမန်နေဂျာသစ် ရွိုင်းဟော့ဒ်ဆန် အား ခန့်အပ် ခဲ့ပြီး နောက် အပြောင်းအရွှေ့ ဈေးကွက် အတွင်း ခြေလှမ်း သွက်သွက် လှုပ်ရှား နေခဲ့သည့် လီဗာပူးလ် အသင်းသည် ချယ်လ်ဆီး ကစားသမား ဟောင်း ဂျိုးကိုးလ် အား ၄နှစ် စာချုပ်တစ်ရပ် ချုပ်ဆိုကာ ခေါ်ယူ နိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

ယမန်နေ့က အသင်း၏ အတည်ပြု သတင်း ထုတ်ပြုန်ချက် အရ ဂျိုးကိုးလ်သည် လီဗာပူးလ် အသင်းနှင့် ပုဂ္ဂိုလ်ရေး ဆိုင်ရာ သဘောတူညီမှု ရရှိခဲ့ပြီး လာမည့် ၄၈နာရီ အတွင်း ဆေးစစ်မှု ခံယူမည် ဖြစ်ကြောင်း သိရသည်။ နောက်ဆုံး သတင်းများ အရမူ ဂျိုးကိုးလ်သည် လီဗာပူးလ် အသင်း လေ့ကျင့်ရေး စခန်းရှိရာ ဆွစ်ဇာလန်သို့ ဆေးစစ်မှု ခံယူရန် ရောက်ရှိနေခဲ့ပြီ ဖြစ်ကြောင်း သိရပြီး အသင်း ကစားဖော် အသစ်များနှင့် တွေ့ဆုံသွားမည် ဖြစ်ကြောင်း သိရသည်။

ဂျိုးကိုးလ် လီဗာပူးလ် အသင်းသို့ ရောက်ရှိ လာခဲ့ခြင်းနှင့် အတူ အသင်း တာဝန်ရှိသူ များအနေဖြင့် အသင်း၏ အဓိက ကစားသမား များ ဖြစ်ကြသည့် ဂျရတ်၊ တောရက်စ်၊ မာရှေရာနို တို့အား အသင်းတွင် ဆက်ရှိနေစေရန် ကြိုးပမ်းလျှက် ရှိနေကြသည်။ လီဗာပူးလ် မန်နေဂျာသစ် ဖြစ်လာသူ ဟော့ဒ်ဆန်သည် ဂျရတ်၊ တောရက်စ် တို့နှင့် တွေ့ဆုံ စကားပြောခြင်းများ ပြုလုပ်ခဲ့ပြီး မာရှေရာနိုမှာမူ ယနေ့တိုင် တွေ့ဆုံ ရခြင်း မရှိသေးကြောင်းလည်း သိရသည်။

ဂျိုးကိုးလ်အား ခေါ်ယူနိုင်ခဲ့ခြင်းနှင့် ပတ်သက်၍ အသင်းနှင့် ပတ်သက် ဆက်နွယ်နေသူ အားလုံးက ၀မ်းမြောက်ဝမ်းသာ ဖြစ်လျှက် ရှိနေကြကြောင်းလည်း သိရပြီး အသင်း ဂန္တ၀င် ကစားသမား ဟောင်း တစ်ဦးဖြစ်သူ ဖီးလ်သော်မ်ဆင်က "ဒါဟာ ခေတ်တစ်ခေတ်ရဲ့ အစပါပဲ။ ကျွန်တော်တို့ အနေနဲ့ ကစားသမား သစ်တွေ အများကြီး မြင်တွေ့ရဖို့ မျှော်လင့်ပါတယ်။ ဒီနွေရာသီက ပရိသတ်တွေ အားလုံးအတွက် ပျော်စရာ နွေ ဖြစ်လာမှာပါ။ သူတို့ နှစ်ခြိုက်ကြမှာပါ။ ဒါဟာ ဟော့ဒ်ဆန် နေရောက်လာပြီး နောက်မှာ ကျွန်တော်တို့ မျှော်လင့်ခဲ့တဲ့ အရာပါပဲ။ အင်္ဂလိပ် ကစားသမား တွေ ပိုပြီး ရောက်လာမှာပါ။ ကိုးလ် အတွက်တော့ တကယ့်ကို ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်ပါပဲ" ဟု ပြောကြားခဲ့သည်။ အခြား ဂန္တ၀င် ကစားသမား ဖြစ်သူ အီယန်ရပ်ခ်ျက "အသင်း အတွက်တော့ သတင်းကောင်း ပါပဲ" ဟု ပြောကြားခဲ့သည်။

ဂျိုးကိုးလ်သည် လာမည့် ရာသီသစ်တွင် လီဗာပူးလ် အသင်း၏ နံပါတ် ၇ ဂျာစီအင်္ကျီအား ၀တ်ဆင် ကစားမည် ဖြစ်ကြောင်း လည်း သိရှိရသည်။

Credit: Soccer Myanmar

 

Add comment


Security code
Refresh