နောက်ဆုံး သတင်းများ
Sunday, 05 September 2010
လီဗာပူးလ်တွင် ဆက်ရှိ နေမည်ဖြစ်ကြောင်း အသင်းခေါင်းဆောင် စတီဗင် ဂျရတ် ထုတ်ဖော် ပြောဆို
Written by ora    Wednesday, 21 July 2010 13:36   
User Rating: / 0
PoorBest 
Share |

Steven Gerrardယမန်နှစ်က ပရီးမီးယားလိဂ် ရပ်တည်မှု အဆင့် ၇သာ ရရှိခဲ့၍ အသင်းမှ ထွက်ခွါတော့မည် ဟု သတင်းများ ကျယ်ကျယ် ပြန့်ပြန့် ထွက်ပေါ် ခဲ့သည့် လီဗာပူးလ် အသင်း ခေါင်းဆောင် စတီဗင် ဂျရတ်က ၎င်းအနေဖြင့် မန်နေဂျာသစ် ဟော့ဒ်ဆန် နှင့် အတူ လက်တွဲကာ အသင်းတွင် ဆက်ရှိနေမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

"ကျွန်တော့် အနေနဲ့က ကမ္ဘာ့ဖလား ပြိုင်ပွဲ အပေါ်မှာပဲ အာရုံစူးစိုက် ထားဖို့ လိုခဲ့တာက အပြောင်းအရွှေ့ ကိစ္စတွေကို ဘာမှ မှတ်ချက် မပေးဘဲ နေခဲ့တာပါ။ အဲ့ဒီနောက် မိသားစုနဲ့ အတူ အနားယူနေ ခဲ့တာပါ။ ကျွန်တော် နည်းပြ ဟော့ဒ်ဆန်နဲ့ အေးအေးဆေးဆေး စကား ပြောလို နေခဲ့တာပါ။ အခုတော့ ပြောပြီး သွားပါပြီ။ အနာဂတ် အတွက် သူ့စီမံကိန်းက အရမ်းကို သဘောကျစရာပါ" ဟု စတီဗင် ဂျရတ်က ပြောကြားခဲ့သည်။

ထို့ပြင် ဂျရတ်က အသင်း၏ အသစ်ခေါ်ယူခဲ့သည့် ဂျိုးကိုးလ်သည် လာမည့် ရာသီသစ်တွင် ခြေစွမ်းပြ ကစားပြ နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ "ကျွန်တော်တို့ အသင်းအတွက် ကောင်းမွန်တဲ့ ခေါ်ယူမှုပါပဲ။ သူဟာ သူ့အရည်အချင်းကို ပရီးမီးယားလိဂ်မှာ နှစ်တွေ များစွာ သက်သေထူနိုင် ခဲ့သူပါ။ တစ်ခါတစ်လေ ကျွန်တော်တို့ နဲ့ပေါ့။ ဒါကြောင့် သူလို ကစားသမား တစ်ယောက်နဲ့ အနီရောင် ရှပ်အင်္ကျီအတူဝတ်ပြီး တွဲကစားရတာက အရမ်းကို ကောင်းတဲ့ကိစ္စပါ။ ဒီကလပ်အသင်းဟာ ဘယ်လောက် ကြီးကျယ်တဲ့ ဆိုတာကို သူ့ကို ပြောပြခဲ့ပါတယ်။ ဂျိုးကိုးလ်ဟာ ပရိသတ်တွေ ကြိုက်နှစ်သက်အောင် ခြေစွမ်းပြ ကစားမယ့် ကစားသမား ဆိုတာ သေချာပါတယ်" ဟု ပြောကြားခဲ့သည်။

Credit: Soccer Myanmar

 

Add comment


Security code
Refresh