|
မီလန် ဂျိုဗန်နိုဗစ်နှင့် ဂျိုးကိုးလ်တို့အား အသစ် ခေါ်ယူ စာချုပ် နိုင်ခဲ့သည့် လီဗာပူးလ် အသင်း သည် နောက်ထပ် ကစာသမား အသစ် တစ်ဦးအဖြစ် စကော့တလန် ချန်ပီယံ ရိန်းဂျားစ် အသင်းမှာ အသက် ၁၈နှစ် အရွယ် လူငယ်ကြယ်ပွင့် ဒန်နီ ဝေလ်ဆင်အား ခေါ်ယူရန် သဘော တူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
လီဗာပူးလ် အသင်းသည် ဝေလ်ဆင်အား ခေါ်ယူနိုင်ရန် အတွက် စကော့ ကလပ် အသင်းအား ကနဦး အနေဖြင့် ပေါင် ၂သန်း ပေးရမည်ဖြစ်ကာ ၎င်း၏ ခြေစွမ်း အပေါ် မူတည်၍ စုစုပေါင်း ပေါင် ၅သန်းအထိ ပေးရမည် ဖြစ်သည်။ ဝေလ်ဆင်သည် ယမန်နှစ်က ရိန်းဂျားစ် အသင်း အတွက် စုစုပေါင်း ၂၄ပွဲ ပွဲထွက် ကစားပေးခဲ့ပြီး ရာသီကုန်တွင် PFA နှင့် FWA တို့က ပေးအပ် ချီးမြှင့်ခဲ့သည့် အကောင်းဆုံး လူငယ် ကစားသမား ဆုအား ရရှိခဲ့သူ ဖြစ်သည်။
ရိန်းဂျားစ် အသင်း အနေဖြင့်မူ အဆိုပါ ခြေစွမ်းထက် လူငယ်လေးအား လက်လွှတ်ရန် ဆန္ဒ မရှိသော်လည်း ကစားသမား၏ စာချုပ် သက်တမ်း ကုန်ဆုံးရန်မှာ တစ်နှစ်သာ ကျန်ရှိတော့ရာ ပြောင်းရွှေ့ကြေး တစ်စုံတရာ မရရှိဘဲ လက်လွှတ်ရမည် စိုးသဖြင့် ယခုကဲ့သို့ ထုတ်ရောင်း ခဲ့ရခြင်း ဖြစ်ကြောင်းလည်း သိရသည်။
Credit: Soccer Myanmar
|