နောက်ဆုံး သတင်းများ
Sunday, 05 September 2010
လီဗာပူးလ်သည် အင်္ဂလန်၏ အကြီးကျယ်ဆုံး ကလပ် ဖြစ်သည်ဟု ဂျိုးကိုးလ် ပြောကြား
Written by ora    Thursday, 22 July 2010 11:09   
User Rating: / 0
PoorBest 
Share |

လီဗာပူးလ် အသင်းသို့ ပြောင်းရွှေ့ရန် ကိစ္စရပ်များ အားလုံးအား ဆောင်ရွက် ပြီးစီးခဲ့ပြီးနောက် ဂျိုးကိုးလ်က လီဗာပူးလ် အသင်းသည် နိုင်ငံ အတွင်း အကြီးကျယ်ဆုံး ကလပ်အသင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။

Joe Coleလီဗာပူးလ် ကစားသမား ဖြစ်ပြီးနောက် ပထမဆုံး ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် ဂျိုးကိုးလ်က "ကျွန်တော် ချယ်လ်ဆီးမှာပဲ ဆက်ရှိ နေဦးမလို့ပါပဲ။ ဘာလို့လဲ ဆိုတော့ ပရိသတ်တွေက ကျွန်တော့်ကို ချစ်ကြတယ်။ အဲ့ဒီမှာ ဆုတံဆိပ်တွေလည်း အောင်နိုင်ခဲ့လို့ပါ။ ဒါပေမဲ့ ကျွန်တော်က စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်လိုသူပါ။ လီဗာပူးလ် အသင်းက စိတ်ဝင်တစား ကမ်းလှမ်း တယ် ဆိုတာ သိရခဲ့ချိန်မှာတော့ စဉ်းစားစရာတောင် မလိုခဲ့ပါဘူး။ ဘာလို့လဲ ဆိုတော့ သူတို့ဟာ နိုင်ငံရဲ့ အကြီးကျယ်ဆုံး ကလပ် ဖြစ်နေလို့ပါ" ဟု ပြောကြားခဲ့သည်။

ထို့နောက် ဆက်လက် ပြောကြားခဲ့ရာတွင် ၎င်းအနေဖြင့် လန်ဒန်မှ ထွက်ခွါကာ လီဗာပူးလ်သို့ ပြောင်းရွှေ့ရမည့် ကိစ္စနှင့် ငွေကြေး ခံစားခွင့်များအား ထည့်သွင်း စဉ်းစားခြင်း မပြုဘဲ ဘောလုံး အကြောင်းပြချက် တစ်ခုတည်းဖြင့်သာ လီဗာပူးလ်သို့ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်ကြောင်း ဆိုခဲ့သည်။ "၂၀၀၅ ခုနှစ် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပွဲတုန်းက ကွင်းထဲကို ပြေးဝင်လာခဲ့ ချိန်မှာ ကျွန်တော် လည်ပင်းပေါ်က ဆံပင်မွှေးတွေတောင် ထောင်သွား ခဲ့ပါတယ်။ ဒီလို ပရိသတ်တွေ ရှိတဲ့ ကွင်းမှာသာ အပတ်စဉ် ကစားရရင် အရမ်းကို ထူးထူးခြားခြား ဖြစ်မှာလို့ တွေးထင် ခဲ့မိပါသေးတယ်" ဟု ဂျိုးကိုးလ်က ဆိုခဲ့သည်။

ဂျိုးကိုးလ်သည် ပြီးခဲ့သည့် တစ်ပတ်ကမှ အသစ် ရောက်ရှိလာသည့် ကစားသမား သစ် ဂျိုဗန်နိုဗစ်၏ ကျောနံပါတ် ၁၀အား ၀တ်ဆင် ကစားမည် ဖြစ်ကာ ဆားဘီးယား တိုက်စစ်မှူးမှာ နံပါတ် ၁၄ အင်္ကျီအား ၀တ်ဆင်ဖွယ် ရှိသည်ဟု သိရသည်။ ဂျိုးကိုးလ်အား ခေါ်ယူနိုင်ခဲ့ပြီးနောက် လီဗာပူးလ် အသင်းက ထပ်မံ ခေါ်ယူခဲ့သည့် စကော့တလန် လူငယ် ဒန်နီဝေလ်ဆင်ကမူ "ကျွန်တော့်ကို လူတွေက လီဗာပူးလ်မှာ ကစားဖို့ အဆင်သင့် မဖြစ်သေးဘူး ပြောကြပါတယ်။ ဒါပေမဲ့ ဒါဟာ ကျွန်တော့်ကိုယ် ကျွန်တော် စိန်ခေါ်လိုက်တာ ပါပဲ။ ဒါကြောင့် ဒီနေရာကို ရောက်လာခဲ့တာပါ" ဟု ဆိုခဲ့သည်။

လီဗာပူးလ် အသင်းသည် ယမန်နေ့ ညက ယှဉ်ပြိုင် ကစားခဲ့သည့် ခြေစမ်းပွဲတွင် ဂရက်စ်ဟော့ပါ အသင်းနှင့် ဂိုးမရှိ သရေကျခဲ့ သည်ဟု သိရသည်။ ထို့ပြင် အသင်း၏ ကွင်းလယ် တောင်ပံ ကစားသမား ရီရာမှာ အိုလံပီယာကို့စ် အသင်းသို့ ပြောင်းရွှေ့ရန် အလွန် နီးစပ်နေပြီ ဖြစ်ပြီး ပေါင် ၄.၂သန်းဖြင့် သဘော တူညီမှု ရရှိခဲ့သည်ဟု သတင်းအချို့က ဖော်ပြခဲ့ကြသည်။ အသစ်ခေါ်ယူရန် အတွက်မူ ဘယ်နောက်ခံ ကစားသမား တစ်ဦးအား အပူတပြင်း ရှာဖွေလျှက် ရှိရာ ဖူဟမ် နောက်ခံလူ ကွန်ချက်စကီးအား ခေါ်ယူဖွယ် ရှိနေသည်ဟု အချို့သတင်းများက ဖော်ပြခဲ့ကာ မန်စီးတီး နောက်ခံလူ ၀ိန်းဘရစ်ခ်ျကိုလည်း စိတ်ဝင်စား နေသည်ဟု သိရသည်။

 

Add comment


Security code
Refresh