|
ဂျိုးကိုးလ်အား ခေါ်ယူ ထားနိုင်ခဲ့သည့် လီဗာပူးလ် အသင်းသည် တိုက်စစ်တွင် ထပ်မံ အားဖြည့် တစ်ရပ် အနေဖြင့် အေစီမီလန် အသင်းမှ ဟော်လန် တိုက်စစ်မှူး ဟန့်တယ်လာအား ခေါ်ယူနိုင်ရန် ကြိုးပမ်းလျှက် ရှိနေသည် ဟု သိရသည်။
သို့သော် လီဗာပူးလ် အသင်း အနေဖြင့် ဟန့်တယ်လာ အား အပြီးသတ် ၀ယ်ယူမည် မဟုတ်ဘဲ တစ်ရာသီ အငှါးစာချုပ်ဖြင့် ခေါ်ယူ ကာ တစ်နှစ် အကြာတွင်မှ အပြီးသတ် ခေါ်ယူရန် ပြင်ဆင်နေခြင်း ဖြစ်သည်ဟု သိရသည်။ ဟန့်တယ်လာသည် လာမည့် ရာသီသစ်တွင် အေစီမီလန် အသင်းတွင် ဆက်ရှိနေရန် မသေချာေ တာ့ဘဲ ပရီးမီးယား လိဂ်သို့ ပြောင်းရွှေ့မည်ဟု အီတလီကလပ် စီအီးအို ဂယ်လိုင်ယာနီက ထုတ်ဖော် ပြောကြား ထားခဲ့သည်။
အေစီမီလန် အသင်းသည် ဟန့်တယ်လာ အတွက် ပေါင် ၁၄သန်းခန့် အလိုရှိနေပြီး ထိုပမာဏသည် ငွေကြေး ကျပ်တည်းမှု များနှင့် ရင်ဆိုင် နေရသည့် လီဗာပူးလ် အသင်းအတွက် ခက်ခဲစေလျှက် ရှိပြီး အကယ်၍သာ တစ်ရာသီ အငှါးချ ထားပေးမည် ဆိုပါက ငွေကြေး ကျပ်တည်းမှုများ အဆင်ပြေ သွားသည့် အခါတွင် အပြီးသတ် ၀ယ်ယူ နိုင်မည်ဖြစ်သည်။
လီဗာပူးလ် အသင်းသည် ပြင်သစ်ကလပ် နိုက်စ် အသင်းမှ လူငယ် တိုက်စစ်မှူး ရမ်မီကိုလည်း ခေါ်ယူရန် စိတ်ဝင်စား နေပြီး အဆိုပါ ကစားသမားအား ခေါ်ယူနိုင်ရန် အတွက် ပြင်သစ် ကလပ်မှ တောင်းဆိုသည့် ပမာဏ ပြည့်စေရန် အသင်းမှ လူငယ် ကစာသမား နှစ်ဦးဖြစ်သည့် အယ်လ်ဇာနှင့် ပလက်စစ် တို့အား အလိုက်ပေး ကမ်းလှမ်းမည် ဖြစ်ကြောင်းလည်း သိရသည်။ နည်းပြ ဟော့ဒ်ဆန် ရောက်ရှိ လာပြီးနောက် အပြောင်းအရွှေ့ အ၀င်အထွက်များ ခပ်ကြမ်းကြမ်း ပြုလုပ်နေသည့် လီဗာပူးလ် အသင်းသည် မကြာမီ ရက်ပိုင်း အတွင်း အသင်းမှ ကစားသမား အချို့ ထပ်မံ ထွက်ခွါဖွယ် ရှိနေပြီး ထိုကစားသမား များမှာ အင်ဆူအာ၊ ရီရာ၊ အန်ဂေါ့၊ ဒီဂျန်တို့ ဖြစ်သည်ဟု သိရသည်။ ထို့ပြင် မာရှေရာနို၊ တောရက်စ်၊ ဘာဘယ်၊ လူးကပ်စ်၊ ဒါ့ကောက် တို့၏ အနာဂတ်မှာလည်း မသေချာ မရေမရာ ဖြစ်နေဆဲ ဖြစ်ပြီး တောရက်စ်မှာမူ အသင်းတွင် ဆက်ရှိနေဖွယ် ရှိသည်ဟုလည်း သတင်းများက သုံးသပ် ရေးသားခဲ့ကြသည်။
|