နောက်ဆုံး သတင်းများ
Sunday, 05 September 2010
တောရက်စ် အသင်းမှ ထွက်ခွါဖွယ် ရှိနေခြင်းနှင့် အတူ အသင်းခေါင်းဆောင် ဂျရတ်ကိုပါ လီဗာပူးလ် ဆုံးရှုံးရဖွယ်ရှိနေ
Written by ora    Wednesday, 28 July 2010 10:54   
User Rating: / 0
PoorBest 
Share |


အသင်း၏ အဓိက တိုက်စစ်မှူး ဖာနန်ဒို တောရက်စ်အား အသင်းတွင် ဆက်ရှိနေရန် အတွက် မိမိ အနေဖြင့် မည်သို့မျှ ထပ်မံ ကြိုးစား နိုင်မည် မဟုတ်ကြောင်း မန်နေဂျာ ရွိုင်းဟော့ဒ်ဆန်က ၀န်ခံ ခဲ့ပြီးနောက်တွင် လီဗာပူးလ် အသင်း အနေဖြင့် အသင်းခေါင်းဆောင် စတီဗင် ဂျရတ်ကိုပါ ထပ်မံ၍ လက်လွှတ် ခံရဖွယ် ရှိနေသည်ဟု သိရသည်။

Fernando Torresဟော့ဒ်ဆန်က ပြောကြားရာတွင် ၎င်း အနေဖြင့် တောရက်စ် နှင့် အတတ်နိုင်ဆုံး စကား ပြောခဲ့ပြီး ဖြစ်ကြောင်း၊ သို့သော် စပိန် တိုက်စစ်မှူး အသင်းတွင် ဆက်ရှိနေမည် ဆိုသည်မှ ၎င်းနှင့် မပတ်သက်တော့ဘဲ အသင်း၏ ကစားသမား အသစ် ၀ယ်ယူမှုများ အပေါ်တွင်သာ မူတည်မည် ဖြစ်ကြောင်း ၀န်ခံ ပြောကြားခဲ့သည်။ သတင်းများက ဖော်ပြမှု အရမူ တောရက်စ် အနေဖြင့် လာမည့် ဘောလုံး ရာသီတွင် ချန်ပီယံ ဆုအား စိန်ခေါ်နိုင်သည့် အသင်း တစ်သင်းတွင်သာ ကစားလိုလျှက် ရှိကြောင်းနှင့် လီဗာပူးလ် အသင်း အနေဖြင့် ထိပ်တန်း အဆင့် ကစားသမား များအား ထပ်မံ ခေါ်ယူပြရန် လိုအပ်နေ သေးကြောင်း၊ ဂျိုးကိုးလ်နှင့် ဂျရတ်တို့ အသင်းတွင် ရှိနေမည် ဆိုသည့် တစ်ချက်တည်းဖြင့် တောရက်စ် လီဗာပူးလ် တွင် ဆက်ရှိနေရန်မှာ မသေချာကြောင်း ရေးသား ဖော်ပြခဲ့ကြသည်။

တစ်ချိန်တည်းတွင် မန်စီးတီး မန်နေဂျာ မန်စီနီကလည်း တောရက်စ်အား စိတ်ဝင်စား နေသည် ဆိုခြင်းအား အတည်ပြု ပြောကြားခဲ့သည်။ ထို့အတူ တောရက်စ်၏ အနာဂတ် မရေမရာ ဖြစ်နေသည် ဆိုသည့် သတင်းများ နောက်တွင် ဂျရတ် အနေဖြင့် အသင်းတွင် ဆက်ရှိနေမည် ဆိုသည့် ၎င်း၏ ကတိပြုချက်အား ပြန်လည် ပြင်ဆင်ဖွယ် ရှိနေသည်ဟု သိရပြီး ရီးယဲလ် မန်နေဂျာသစ် မော်ရင်ဟို အနေဖြင့် ဂျရတ်အား ခေါ်ယူရန် စိတ်ဝင်စား နေဆဲပင် ဖြစ်ကြောင်း သိရသည်။ သတင်းများ အဆိုအရမူ ရီးယဲလ် အသင်းသည် ဂျရတ်အတွက် ပေါင် သန်း ၃၀ဖြင့် နောက်ဆုံး ကမ်းလှမ်းမှု ပြုလုပ်ဖွယ် ရှိသည်ဟု ရေးသား ခဲ့ကြသည်။

အပြောင်းအရွှေ့ သတင်းများ အရမူ လီဗာပူးလ် အသင်းသည် တောရက်စ် နေရာတွင် အစားထိုးရန် အတွက် ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ရွှေဘောလုံးဆု ရရှိခဲ့သည့် ဒီယေဂို ဖော်လန်အား ခေါ်ယူရန် ပစ်မှတ် ထားနေသည်ဟုလည်း သိရသည်။ ထို့အတူ ရီးယဲလ် တိုက်စစ် ကစားသမား ဗန်ဒါဗတ်ကလည်း လီဗာပူးလ်နှင့် ချယ်လ်ဆီးတို့၏ စိတ်ဝင်စားမှုအား ကြိုဆိုပါကြောင်းနှင့် ပုံမှန် ပွဲထွက်ကစားခွင့်သာ ပေးပါက ပြောင်းရွှေ့မည် ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။

Credit: Soccer Myanmar

 

Add comment


Security code
Refresh