နောက်ဆုံး သတင်းများ
Sunday, 05 September 2010
လီဗာပူးလ်သို့ ပြောင်းရွှေ့တော့မည်ဟု facebook မှ တဆင့် ဒရန်သီ ပြောကြား
Written by ora    Wednesday, 28 July 2010 11:05   
User Rating: / 0
PoorBest 
Share |

Royston Drentheရီးရဲယ် ကစားသမား ဒရန်သီသည် မကြာမီ ရက်ပိုင်းအတွင်း လီဗာပူးလ် အသင်းသို့ ပြောင်းရွှေ့ တော့မည် ဖြစ်ကြောင်း လူမူရေး ၀က်ဆိုက်ဒ် တစ်ခု ဖြစ်သော facebook.com ရှိ ဒရန်သီ၏ စာမျက်နှာ တွင် ရေးသား ဖော်ပြခဲ့သည်။

အသက် ၂၃နှစ် အရွယ်ရှိ ဒရန်သီသည် သူ၏ facebook စာမျက်နှာတွင် "ကျွန်တော် မကြာမီ ရက်ပိုင်းအတွင်း လီဗာပူးလ် အသင်းကို ပြောင်းရွှေ့တော့မှာ ပါ။ လီဗာပူး အသင်းနဲ့ အတူ အောင်မြင်မှုတွေ ရတဲ့ နှစ်တစ်နှစ် ဖြစ်မယ်လို့လည်း မျှော်လင့် ပါတယ်" ဟု ရေးသားထားသည်။

ရီးရဲယ် တောင်ပံ ကစားသမား ဒရန်သီသည် ဟော်လန်ယူ-၂၁ အသင်း၏ ကစားသမား ဟောင်း တစ်ဦးဖြစ်ပြီး ဟော်လန် ကလပ် အသင်း တစ်သင်းဖြစ်သော ဖီရင်နု အသင်းတွင် ခြေစွမ်းပြ ကစား နိုင်ခဲ့သောကြောင့် ၂၀၀၇ ခုနှစ်တွင် ရီးရဲလ် မက်ဒရစ် အသင်းက ခေါ်ယူခဲ့ခြင်းဖြစ်သည်။ သူသည် ရီးရဲလ် အသင်းအတွက် ၄၆ပွဲ ကစားပေး ထားပြီး ၃ဂိုးသွင်း ယူပေးထားသည်။ ဒရန်သီသည် ရီးရဲယ်အသင်းတွင် နာမည်ကြီး ကစားသမား အမြောက်အများ ရှိနေ သောကြောင့် ပုံမှန်ပွဲထွက်ခွင့် မရရှိပဲ အရန်ခုံတွင်သာ ထိုင်နေရ ခြင်းကြောင့် လီဗာပူးလ် အသင်းသို့ ပြောင်းရွှေ့ရန် ကြိုးစား ခဲ့ခြင်း ဖြစ်သည်။

Credit: Soccer Myanmar


 

Add comment


Security code
Refresh