နောက်ဆုံး သတင်းများ
Tuesday, 07 September 2010
တောရက်စ်အား မန်စီးတီး ပြောင်းရွှေ့လာရန် တီဗက်ဇ် ဖိတ်ခေါ် ~ လီဗာပူးလ် တွင်သာ ဆက်ရှိ နေမည်ဟု ဟော့ဒ်ဆန် ပြောကြား
Written by ora    Wednesday, 28 July 2010 12:11   
User Rating: / 0
PoorBest 
Share |

Fernando Torresလီဗာပူးလ် အသင်းမှ ယခုနှစ် နွေရာသီတွင် ထွက်ခွါတော့မည် ဟု သတင်းကြီး နေသည့် စပိန် တိုက်စစ်မှူး ဖာနန်ဒို တောရက်စ်အား မန်စီးတီး အသင်းသို့ လာရောက် ကစားရန် တီဗက်ဇ်က ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။

"တောရက်စ်ဟာ ကျွန်တော်တို့ အသင်းကို သေချာပေါက် ပိုကောင်း လာစေမှာပါ။ သူဟာ ကမ္ဘာ့ အကောင်းဆုံး တိုက်စစ်မှူး တွေထဲက တစ်ယောက်ပါ။ အသင်းဖော် အနေနဲ့ သူ့ကို ရှိစေချင်ပါတယ်" ဟု မန်စီးတီး တိုက်စစ်မှူး တီဗက်ဇ်က ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း မန်စီးတီး မန်နေဂျာ ဖြစ်သူ မန်စီနီက တောရက်စ်အား စိတ်ဝင်စား နေသည် ဆိုခြင်းအား ၀န်ခံ ပြောကြားခဲ့ပြီး ချယ်လ်ဆီးနှင့် အပြိုင် ခေါ်ယူနိုင်ရန် ကြိုးပမ်းမှုများ ပြုလုပ်လျှက် ရှိနေသည်။ သို့သော် လီဗာပူးလ် မန်နေဂျာ ဖြစ်သူ ရွိုင်းဟော့ဒ်ဆန်က တောရက်စ် အနေဖြင့် လီဗာပူးလ် အသင်းတွင်သာ ဆက်ရှိနေမည်ဟု ၎င်းအား ပြောကြား ခဲ့သည်ဟု ဆိုလာခဲ့သည်။

"သူ အသင်းကို ပြန်လာတော့ မှာပါ။ လောလောဆယ် မိသားစုနဲ့ အတူ အနားယူ နေပါတယ်။ ဘယ်သူနဲ့မှ စကား မပြောဘဲ သိုသိုသိပ်သိပ် နေနေပါတယ်။ ဒါပေမယ့် ကျွန်တော် တို့ကိုတော့ ပြောခဲ့ပါတယ်။ သူ တနင်္လာမှာ အသင်းကို ပြန်လာမယ်၊ လီဗာပူးလ်နဲ့ အတူ လာမယ့် ဘောလုံး ရာသီမှာ ရှိနေမယ် ဆိုတာတွေကို ပြောခဲ့ပါတယ်။ ဒါ ကျွန်တော် သိထားတာ ပါပဲ။ ထွက်ပေါ်နေတဲ့ သတင်းတွေကိုတော့ မှားယွင်းတယ် လို့ပဲ ပြောချင်ပါတယ်" ဟု ရွိုင်းဟော့ဒ်ဆန်က ပြောကြားခဲ့သည်။

သို့သော် မာရှေရာနိုနှင့် ပတ်သက်၍မူ အသင်းမှ ထွက်ခွါလိုလျှက် ရှိနေသည် ဆိုခြင်းအား ဟော့ဒ်ဆန်က ဟုတ်မှန်ကြောင်း ၀န်ခံ ပြောကြားခဲ့ပြီး ရောင်းချမည် မရောင်းချမည် ဆိုသည်မှာ ကလပ် အသင်း၏ လက်ထဲတွင်သာ ရှိနေဆဲ ဖြစ်ကြောင်း ဆိုခဲ့သည်။

နောက်ဆုံး အပြောင်းအရွှေ့ သတင်းများ အဆိုအရမူ လီဗာပူးလ် အသင်းသည် ဗီလာ နောက်ခံလူ လုခ်ယန်းအား ပေါင် ၂.၅သန်းဖြင့် ခေါ်ယူရန် သဘော တူညီမှု ရရှိထားပြီ ဖြစ်ကြောင်း သိရပြီး ၀ီဂန် နောက်ခံလူ ဖီဂူလိုဝါကိုလည်း ခေါ်ယူနိုင်ရန် နီးစပ်နေသည်ဟု အေးဂျင့် အဆိုအရ သိရသည်။ သို့သော် အဆိုပါ သတင်း ၂ရပ်စလုံးအား သက်ဆိုင်ရာ အသင်းများက အတည်ပြု ပေးခြင်း မရှိသေးကြောင်းလည်း သိရသည်။

Credit: Soccer Myanmar

 

Add comment


Security code
Refresh