| 
လီဗာပူးလ် အသင်းသည် အသင်းမှ ဘယ်နောက်ခံ ကစားသမား တစ်ဦးဖြစ်သည့် အင်ဆူဝါအား တူရကီ ကလပ် အသင်း ဂါလာတာစာရေး အသင်းသို့ တစ်နှစ် အငှါးချခဲ့ကြောင်း သိရသည်။
|
|
| 
ရာသီသစ် ပထမ ပွဲဦးထွက် ၂ပွဲတွင် ရမှတ် ၁မှတ်သာ ရရှိထားသည့် လီဗာပူးလ် အသင်းသည် ၀က်စ်ဘရွန်း အသင်းအား ကျဉ်းမြောင်းသည့် ဂိုးရလဒ်ဖြင့် အနိုင်ရရှိကာ ယခုနှစ် ဘောလုံး ရာသီတွင် ပထမဆုံး လိဂ်နိုင်ပွဲအား ရရှိခဲ့သည်။
|
|
| 
လီဗာပူးလ် အသင်းသည် ဘာစီလိုနာ အသင်းသို့ ပြောင်းရွှေ့ရန် သဘော တူညီမှု ရရှိခဲ့ပြီ ဖြစ်သည့် မာရှေရာနို နေရာတွင် အစားထိုးရန် အတွက် ပေါ်တူဂီ ကွင်းလယ် ကစားသမား မီရီလက်စ်အား ယူရို ၁၄သန်းပေးကာ ခေါ်ယူခဲ့ကြောင်း သိရသည်။
|
|
| 
လီဗာပူးလ် အသင်းသည် ကစားသမား အသစ်များ ခေါ်ယူ အားဖြည့်မှု အနေဖြင့် ဖူဟမ် နောက်ခံလူ ကွန်ချက်စကီးနှင့် ပေါ်တို ကွင်းလယ် ကစားသမား မီရီလက်စ် တို့အား ခေါ်ယူနိုင်ရန် အလွန် နီးစပ်နေပြီ ဖြစ်ကြောင်း သိရသည်။
|
|
| လီဗာပူးလ် အသင်း၏ ကွင်းလယ် ကစားသမား မာရှေရာနိုသည် လာမည့် ဘောလုံး ရာသီတွင် ဘာစီလိုနာ အသင်းသို့ ပြောင်းရွှေ့ ကစားရန် အတွက် ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း သက်ဆိုင်ရာ ကလပ်အသင်း များ၏ အတည်ပြု သတင်း ထုတ်ပြန်ချက် အရ သိရသည်။
|
|