| ဒီနှစ်ရာသီ အဖွင့်ပွဲစဉ် ဖြစ်တဲ့ အာဆင်နယ်နဲ့ ပွဲဟာ တကယ့်ကို ရင်ခုန် စိတ်လှုပ်ရှား စရာပါပဲ။ အာဆင်နယ်လို အသင်းကြီး တစ်သင်းနဲ့ ဆုံတွေ့ နေတာထက် ပိုပြီးတော့ ကျနော်တို့ နှလုံးခုန်သံတွေကို မြန်စေတာက ရာသီသစ်မှာ နည်းပြသစ် ကစားသမား အသစ်တွေနဲ့ ဆိုတာပါပဲ။
|
|
| ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက တရုတ် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ ကင်နီဟောင်က လီဗာပူးလ် အသင်းကို ၀ယ်ယူဖို့ စိတ်ဝင်စား နေပါတယ် ဆိုတဲ့ သတင်းထွက်ပြီး နောက်ပိုင်းမှာ လီဗာပူးလ် အသင်းရဲ့ သတင်းတွေဟာ ဗြိတိန် တစ်ခုတည်းမှာ သာမကတော့ဘဲ ကမ္ဘာ့ အားကစား၊ စီးပွားရေး သတင်းတွေမှာ ခေါင်းကြီးပိုင်းမှာ အသားပေး ဖော်ပြခြင်း ခံခဲ့ရပါတယ်။ ဒီလို အသားပေး ဖော်ပြကြတာက ကင်နီဟောင် တစ်ဦး တစ်ယောက် တည်းကြောင့်တော့ မဟုတ်တော့ပါဘူး။ ကင်နီဟောင်နဲ့ အစပျိုး ပေးခဲ့တဲ့ လီဗာပူးလ် အသင်းရဲ့ ပိုင်ရှင် အပြောင်းအလဲ စွန့်စားခန်းကြီးဟာ အခုဆိုရင် အနည်းဆုံး စီးပွားရေး လုပ်ငန်းရှင် အဖွဲ့ ၄ဖွဲ့က အမှန်တကယ် စိတ်ဝင်တစား ချဉ်းကပ်မှုတွေ ပြုနေတဲ့ အခြေအနေအထိ ဖြစ်စေခဲ့ပါတယ်။
|
|
| 
ကမ္ဘာ့ဖလား အောင်နိုင်သူ တစ်ယောက် အနေနဲ့ မဲလ်ဝုဒ်ကို ပြန်ရောက်လာတဲ့ ဖာနန်ဒို တောရက်စ်ဟာ လီဗာပူးလ် အသင်းကနေ ထွက်ခွါတော့မယ် ဆိုတဲ့ သတင်းတွေကို အဆုံးသတ်စေမယ့် ဆုံးဖြတ်ချက် အဖြစ် အသင်းမှာပဲ ဆက်နေမှာပါလို့ ကတိပြု ပြောကြားခဲ့ပါတယ်။
|
|
| ပြီးခဲ့သည့် နွေရာသီက ကစားသမား သစ်များ ခေါ်ယူရေး အတွက် ယူရိုငွေ ၂၅သန်း ကုန်ကျခံကာ ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည့် ဘင်ဖီကာ အသင်းသည် ၎င်းအကျိုး ကျေးဇူးများအား လတ်တလောတွင် ခံစား နေရပြီ ဖြစ်ပြီး ပြီးခဲ့သည့် နှစ်ပိုင်း အတွင်း အအောင်မြင်ဆုံး ဘောလုံး ရာသီတစ်ခုအား ပိုင်ဆိုင်ခွင့် ရရှိထားသည်ကို တွေ့ရသည်။
|
|
| ယခုနှစ် ဘောလုံး ရာသီမှာ လီဗာပူးလ် အသင်း အနေနဲ့ ကွင်းတွင်း ကွင်းပြင် အခက်အခဲတွေ၊ ဖိအားတွေနဲ့ ရင်ဆိုင် နေခဲ့ရပါတယ်။ ကွင်းပြင်ပ ပြဿာနာတွေ ရှိနေ ခဲ့တာကြောင့် ကွင်းတွင် ခြေစွမ်းပိုင်း မတည်မငြိမ် ဖြစ်ခဲ့ရပြီး ကစားသမား အတော်များများ ခြေစွမ်းပိုင်း ကျဆင်း နေခဲ့ပြီး ရလဒ်များပါ ဆိုးရွား နေခဲ့ပါတယ်။
|
|